ကျွန်တော်ဒီဘလော့လေးစထောင်တဲ့နေ့ကစလို့ လက်နက်ငယ်ဆိုင်ရာ စိတ်ဝင်စားသူ စနိုက်ပါရိုင်ဖယ်စိတ်ဝင်စားသူ ညီအကိုများနဲ့ ဘုတ် ရယူခဲ့ပါတယ် ။မြန်မာ တပ်မတော်မှာ ဘယ်သေနတ်ကို အဓိက စနိုက်ပါရိုင်ဖယ် အနေနဲ့လုပ်သင့်သလဲ ဆိုတာကိုပေါ့ ။
အဲဒီမှာ ဘုတ်အရေအတွက်နည်းနေပေမယ့် ဒရာဂွန်နော့ဗ် နဲ့ အမ်အေ၂ ကို လူစိတ်ဝင်စားခံရပါတယ်။ကျွန်တော့်အနေနဲ့လည်းအမ်အေ၂ဟာ စနိုက်ပါရိုင်ဖယ်တစ်လက် ဖြစ်လာမယ်လို့ ကြိုတင်ခန့်မှန်းခဲ့ဖူးပါတယ် ။ထင်တဲ့အတိုင်းပါပဲ အခု အမ်အေ ၂ ကိုမွမ်းမံရင်းနဲ့စနိုက်ပါရိုင်ဖယ် အဖြစ်ထုတ်လုပ်နိုင်ခဲ့ပါပြီ။
ဒါကြောင့် ဒရာဂွန်နော့ဗ် ခရေဇီများရော အမ်အေ ၂ ခရေဇီများပါ စိတ်မပျက်ပါနဲ့ ။ ဖေဖေဒရာဂွနော့ဗ်နဲ့ မေမေ အမ်အေ ၂ တို့ ပေါင်းစပ်ထားသလို အမ်အေ စနိုက်ပါ ရိုင်ဖယ်ထွက်လာပါပြီ ။စကုပ်ကိုတော့ ဒရာဂွန်နော့ဗ်ရဲ့PSO-1 စကုပ်ပဲ ဖြစ်ပါတယ် ။
ဒီပုံစံသစ် အမ်အေရဲ့အကြောင်းကိုတော့ နောက်များမှ ကျွန်တော် အကြောင်းစုံ ရေးသားတင်ဆက်ပါ့မယ် ။


.jpg)