Pages

Showing posts with label ရိုင်ဖယ်များ. Show all posts
Showing posts with label ရိုင်ဖယ်များ. Show all posts

Friday, 17 May 2013

K-11 /Dual-caliber /air-burst Rifle

 တောင်ကိုရီးယားထုတ်.ဒေဝူးကုမ္မဏီရဲ့ K-11 ချေမှုန်းရေး Dual-caliber /air-burst ရိုင်ဖယ် ။ bullpup စနစ်ဖြစ်ပြီး ၂၀ x 30 မီလီမီတာ Air Bursting ဗုံးသီးကျည်အတွက် အပေါ်ပြောင်းကို အသုံးပြုပြီး ကျည်အိမ်မှာ bullpup တွင် ဒင်အောက်စနစ်ဖြစ်သည် ။ရိုင်ဖယ်အတွက် အောက်ပြောင်းဖြစ်ပြီး ၅.၅၆ x ၄၅ မီလီမီတာ နေတိုးစံ ကျည်ဆံဖြစ်သည် ။အမိုးအကာ မရှိပဲ ရှေ့နောက်ဝဲယာ အကာအကွယ်တွင်းနှင့် နံရံထောင့်များ အကြားပုံးကွယ်နေသော ရန်သူနှင့် အမိုးမဲ့ ကျင်း များ ဆက်သွယ်ရေးကတုတ်ကျင်းများ ကြားရှိ ရန်သူအား ၂၀ မီလီမီတာ Air Bursting နဲ့ ပစ်ခတ်နိုင်မည် ဖြစ်သည် ။


(မှားယွင်းချွတ်ချော်မှူ ရှိပါက စာရေးသူ၏ လေ့လာမှူ အားနည်းခြင်းကြောင့်သာ ဖြစ်ပါသည်)
ဆက်ဖတ်ရန်>>>

Wednesday, 19 December 2012

AK 107

AK 107/108 ဟာ ဆိုလျှင် ရုရှားရဲ့ အေကေ ၁၀၀ စီးရီးတွေကနေ ဆက်ထွက်လာတဲ့ ဒီဇိုင်းတစ်ခုဖြစ်ပါတယ် ။ ယူးရိ အဲလက်ရ်ဇန်းဒရော့ဗ် ရဲ့ဒီဇိုင်းဖြစ်ပြီး ၁၉၉၀ မှာ ထွက်ရှိထားပြီး SEK-971 ကဲ့သို့ Balanced အမျိုးအစားတူဖြစ်ပါတယ် ။

အေကေ ၁၀၇ ရဲ့ သေနတ်ပြောင်း/ကျည် ကတော့ 5.49x39 မမ ဖြစ်ပြီး အေကေ ၁၀၈ ရဲ့ ပြောင်း/ကျည် ကတော့ 5.56x45 ဖြစ်ပါတယ် ။

အတွဲတိုပစ်ခတ်မှူမှာ သေနတ်လှူပ်ခါမှူကိုအတတ်နိုင်ဆုံးနည်းပါးစေဖို့နဲ့ပိုမိုထိရောက်မှူရှိစွာပစ်ခတ်နိုင်ဖို့ Gas operated(ယမ်းငွေ့အားသုံး မောင်းပြန်စနစ်)ကို အသုံးပြုပါတယ် ။ကျည်ဆံကိုမောင်းရိုက်တံကနေ ရိုက်ခတ်ပြီး ပစ်လွတ်တဲ့ အချိန်မှာ ထွက်ပေါ်လာတဲ့ ယမ်းပေါက်ကွဲအားက ယမ်းငွေ့တွေက ပြောင်းရင်းအပေါ်မှာ ရှိတဲ့ ဆိုင်လင်ဒါ ပြောင်းဆီကို တွန်းထိုးတတ်သွားပြီးပစ်စတင် နှစ်ခုကိုတွန်းအားပေးပါတယ်။အဲဒီအတွက်အပေါ်ပြောင်းထဲကပစ္စတင်ဟာ ရှေ့ကို
ရွှေ့လျားပါတယ်။တပြိုင်နက် သေနတ်ကိုယ်ထည်ထဲက မောင်းတုံးကို နောက်ကန်ရွှေ့လျားစေပါတယ် ။စမ်းသပ်ချက်တွေ အရ အေကေ 74 အမ် တွေထက် အတွဲတို ပစ်ခတ်မှူတွေမှာ 1.5-2 ကြိမ် လှူပ်ခတ်မှူ လျော့ပါးစေနိုင်ပါတယ်တဲ့ ။

အေကေ ၁၀၇ ရဲ့ Gas operated လှုပ်ရှားမှူ
သေနတ် ပြောင်းကိုတော့ ခရုမ်းသတ္ထုနဲ့ပြုလုပ်ထားပြီး 415 မီလီမီတာ အရှည်ရှိပါတယ် ။သေနတ်တစ်ခုလုံးရဲ့အလျားကတော့ 943 မီလီမီတာ ရှိပါတယ် ။ကျည်အိမ် ကိုကျည်ဆံ 30 ဆံဝင် ဘောက် နဲ့ ပစ်ခတ်နိုင်ပြီး
ဆက်ဖတ်ရန်>>>

Wednesday, 28 November 2012

ဗိုလ်ချုပ်ကြီး စိုးဝင်းနှင့် အဖွဲ့တရုတ်သို့သွားရောက်စဉ်က အထူးတပ်ဖွဲ့ဝင်များ ခင်ကျင်းပြသထားသော တွေ့ရှိသမျှ လက်နက်ငယ်များအကြောင်း

၂၀၁၂ ၊နိုဝင်ဘာလ(၁၄)ရက်နေ့ကဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး စိုးဝင်းနှင့် အဖွဲ့တို့  ချန်ဒူး(Chengdu )စစ်ဒေသကြီး လက်အောက်ခံ၊ အထူးစစ်ဆင်ရေး တပ်မဟာ တပ်စခန်း Special Combating Brigade သို့ ရောက်ခဲ့တာကို မြဝတီ ဖေ့ဘုတ်မှာ ပုံတွေတင်ထားတာ တွေ့ကြရမှာပါ ။ ကျွန်တော်လည်း အဲဒီပုံတွေကိုပဲ ကြည့်ပြီး သူတို့ ဘာတွေ ခင်းကျင်းပြလိုက်သလဲဆိုတာပဲ ရေးရမှာပဲ ။ 

တရုတ်တို့ထုံးစံအတိုင်း QBZ တွေကိုပဲထုတ်ပြတာပေါ့နော် ။ သိတဲ့အတိုင်း Bullpup ဒီဇိုင်း QBZ တွေဟာ သိပ်ကောင်းတဲ့ လက်နက်ငယ်မျိုးဆက်တစ်ခု ။ Bullpup အကောင်းဆုံး ၁၀ မျိုးဝင်မျိုးစိတ်တစ်ခုဖြစ်ပါတယ် ။QBZ 95 အတွက် 5.8×42mm DBP87 နဲ့ QBZ 97 အတွက် 5.56x45mm NATO ကျည်သုံး ချေမှူန်းရေး ရိုင်ဖယ်ပေါ့ဗျာ ။နော်ရင်ကို( Norinco) လို့ ခေါ်ကြတဲ့ China North Industries Corporation ကပဲ ထုတ်ခဲ့တဲ့ ကောင်လေးပေါ့ ။

QBZ 95 ရယ် QBZ 95Bရယ်ဆိုတာ ရှိတယ် ။ QBZ 95B ကတော့ ကာဘိုင်အမျိုးအစားပဲ ။ 95 နဲ့ ဘာကွာသလဲ မေးရင် မြန်မာလက်နက်ငယ်မှာ အမ်အေ ၁ နဲ့ အမ်အေ ၃ ကွာသလိုပါပဲ ။ အလျားတိုတာပဲ ရှိပါတယ် ။

 QBZ 95 ကတော့ 5.8×42mm DBP87 ကျည်သုံးတယ် ။
QBZ 95 ကတော့ ၇.၂ ပေါင်(၃.၂၅ ကီလိုဂရမ်) လေးပြီး သေနတ်တစ်ခုလုံး အရှည် ၂၉.၃ လက်မ(၇၄၅ မီလီမီတာ ) အရှည်နဲ့ ပြောင်းအလျား ၁၈.၂ လက်မ(၄၆၃ မီလီမီတာ) အလျား ရှိပါတယ် ။ယမ်းငွေ့အားသုံးမောင်းပြန်ရိုင်ဖယ်စနစ်ပဲဖြစ်ပါတယ် ။ပြောင်းထွက်ရှိန် ၉၃၀ မီတာ/စက္ကန့် ( တစက္ကန့်ကို ၃၀၅၀ ပေ )ဖြစ်ပါတယ် ။တမိနစ်ကို ကျည် ၆၅၀ ဆက်တိုက်ပစ်ခတ်နိုင်ပါတယ် ။


QBZ 95B ကတော့  ၇.၂ ပေါင်(၃.၂၅ ကီလိုဂရမ်)လေးပြီး သေနတ်တစ်ခုလုံးအလျားက ၂ ပေ အတိ(၆၀၉ မီလီမီတာ ) နဲ့ ပြောင်းအလျား  ၁၄.၅ လက်မ (၃၆၉ မီလီမီတာ ) အရှည်ရှိ ပြီး ပြောင်းထွက်ရှိန် ၇၉၀ မီတာ/စက္ကန့်(တစက္ကန့် ပေ ၂၅၈၁ ) ဖြင့် တမိနစ်ကို ကျည်၈၀၀ ဆက်တိုက် ပစ်ခတ်နိုင်ပါတယ် ။



အဲဒီမှာ တစ်ခုရှိပါတယ် QBZ 97 ဆိုတာ ပါပဲ ။ 95 တွေနဲ့ ဘာကွာလဲ ဆိုတာတော့ သိပ်မကွာပါဘူးခင်ဗျ ။ဒါပေမယ့် သူက ပိုပြီး standard gun ဖြစ်လာပုံရပါတယ် ။ဘာလို့လည်းဆိုတော့ QBZ 97 ကတော့ 5.56x45mm NATO ကျည် သုံးလာပြီး ကျည်တောင့် ၃၀ ဆံ ကျည်အိမ်ကိုတော့ STANAG ကျည်အိမ် သုံးထားပါတယ် ။သူ့ရဲ့ အရည်အသွေးတွေကတော့ ၇.၄ ပေါင်(၃.၃၅ ကီလိုဂရမ်) ဖြစ်ပြီး သေနတ်တစ်ခုလုံး အလျားကတော့ ၂၉.၈ လက်မ(၇၅၈ မီလီမီတာ) ရှိပါတယ် ။ပြောင်းအလျား ၁၉ .၃ လက်မ( ၄၉၀ မီလီမီတာ) ဖြစ်ပါတယ် ။တတောင့်ချင်းပစ် အတွဲလိုက်ပစ်အပြင် အတွဲတို ၃ ချက်ပစ် စနစ်လည်း ထည့်သွင်းထားပါတယ် ။
QBZ 95 နဲ့ QBZ 97 တို့၏ သိသာသော ခြားနားခြင်းများ

နောက်တစ်ခုကတော့ QBB 95 ချေမှူန်းရေး စက်သေနတ် ဖြစ်ပါတယ် ။QBZ 95 ကို မူတည်ပြီး ထုတ်ခဲ့တာပဲဖြစ်ပါတယ် ။ပြောင်းအလျားပိုရှည်တဲ့ စက်သေနတ်ဖြစ်ပါတယ် ။နော်ရင်ကို ကပဲ ထုတ်ခဲ့တာဖြစ်ပြီး သေနတ်တစ်ခုလုံးအလျား ၃၃.၁ လက်မ(၈၄၀ မီလီမီတာ) ဖြစ်ပြီး ပြောင်းအလျားကတော့၂၃.၆ လက်မ(၆၀၀ မီလီမီတာ) ရှိပါတယ်။အလေးချိန်ကတော့ ၃.၉၅ ကီလိုဂရမ် လေးပါတယ်  ။၅.၈x၄၂ မမ DBP87 ကျည် အသုံးပြုပါတယ် ။ကျည်အိမ်ကိုတော့ ၃၀ ဆံကျည်အိမ်အပြင် အတောင့် ၈၀ ဆံ ကျည်ဘောက်အဝိုင်းနဲ့လည်း တွဲသုံးပါတယ် ။ထိရောက်မှူအကွာအဝေး မီတာ ၆၀၀ နဲ့ ၈၀၀ ဖြစ်ပြီး ပြောင်းထွက်ရှိန် ၉၇၀ မီတာ/စက္ကန့်( တစက္ကန့် ၃၁၈၁ ပေ) ဖြစ်ပါတယ် ။မောင်းပြန်နည်းပညာကတော့ QBZ 95 လိုပဲဖြစ်ပါတယ် ။

QBB 95 light support weapon


QBZ အကြောင်းကွန့်နေရင် စာရှည်သွားမှာမို့ လေ့လာရေး သွားတုန်းက ခင်းပြလိုက်တဲ့ ပုံတွေ ထဲက ကောင်လေးတွေကိုပဲ ရေးလိုက်ပါတော့မယ် ။ တရုတ်မှာအသုံးများတာကတော့ ၅.၈ x ၄၂ မမ သုံး QBZ 95 တွေနဲ့ 95 B တွေ ဖြစ်ပါတယ် ။

နောက်တစ်ခုကတော့ ခင်ကျင်းပြသတဲ့ အထဲကမှ ပုံစံ ၀၅ (၅.၈ မမ ကျည်သုံး စက်သေနတ်ကလေး) ဖြစ်ပါတယ်
ဆက်ဖတ်ရန်>>>

Friday, 23 November 2012

မြန်မာ့တပ်မတော်ထုတ် အမ်အေစီးရီးများ ဒီဇိုင်းအသစ်ထပ်မံထွက်ရှိမှူ


၇.၆၂ မီလီမီတာသုံး စနိုက်ပါ ရိုင်ဖယ်

အမ်အေ ၁ အမ်ကေ ၃

အမ်အေ ၁ အမ်ကေ ၃ ချေမှူန်းရေးစက်ကလေး(၅.၅၆ မီလီမီတာကျည်ဆံ)

အမ်အေ ၃ အမ်ကေ ၃ ချေမှူန်းရေးစက်ကလေး(၅.၅၆ မီလီမီတာကျည်ဆံ)

အမ်အေ ၄ အမ်ကေ ၂ ချေမှူန်းရေးရိုင်ဖယ် ဗုံးပစ်လောင်ချာတွဲ(၅.၅၆ မီလီမီတာကျည်ဆံ +၄၀ မမ ဗုံးသီး)

ဆက်ဖတ်ရန်>>>

Tuesday, 20 November 2012