Pages

Thursday 8 November 2012

ကျွန်တော် မက်ခဲ့သော အိမ်မက်များ

"ညီလေး.မင်းအလှည့်.."
"အော်.ဟုတ်ကဲ့အကိုကြီး"လက်ထဲက မာဘိုရိုကို ဆေးလိပ်ပြာခွက်ထဲချလိုက်ပြီး ကျုတံကိုကိုင်လိုက်သည် ။မိမိအတွက်ထိုးစရာတစ်လုံးမှမရှိ။ဒါနဲ့ ခုံပေါင်ပေါ်မှာတင်ထားတဲ့ အရက်ခွက်ကိုပြန်ကောက်ကိုင်ပြီး ဘိလိယက်ခုံထဲက ဘောလုံးများကိုပြန်လိုက်ကြည့်သည် ။

"တော်..တော်..တီး.တီး...တီးးတော်"
ဗဟိုကင်းမှ စစ်ထွက်ခရာသံ ရုတ်တရက်ထွက်ပေါ်လာသည်။ရုတ်တရက် ရိပ်သာထဲက အရာရှိများ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာကြောင်သွားသည်။ထို့နောက်."Shit !".ဝုန်းခနဲ တပြိုင်နက်ထထွက်ကြပြီး မိမိအခန်းမိမိဝင်ကာ စစ်ဝတ်တန်ဆာများအမြန်ဝတ်ရလေပြီ ။အရေးထဲကျည်ကာကခုတင်အောက်ရောက်နေသဖြင့်ကုန်းကောက်ရလေသည်။တံတောင်ကာဒူးကာရာဘာစွပ်များအမြန်စွပ်ပြီးပစ္စတိုအားပေါင်တွင်ချိတ်လိုက်သည်။အားလုံးစုံသည်နှင့် အခန်းတံခါးကိုပင်မပိတ်အားပြေးထွက်ရပြီ.။ခြံစည်းရိုးနားရောက်ခါမှHelmetကျန်ခဲ့တာသတိရ၏။တဖန်ပြန်ယူရလေပြီ။စားပွဲပေါ်ထောင်ထားသော ချစ်သူပုံအားထုတ်ကာ အိတ်ကပ်ထဲထည့်ကာ တန်းစီကွင်းသို့ပြေးရလေပြီ။

တပ်ရင်းမှူးမှ"ခွဲ၂.စစ်ကူသွားရမယ်.ground ကို ၂၅ မိနစ်အတွင်း အရောက်သွားပါ.အသေးစိတ်ကို စက်ထဲကပြောမယ်".ဟု အမိန့်ရသည်နှင့် မိမိတပ်ခွဲတစ်ခွဲလုံးအားတန်းဖြုတ်ပေးကာ သက်ဆိုင်ရာသံချပ်ကာကားများထဲသို့ဝင်ခိုင်းလေပြီ။လူစုံသည်နှင့်မိမိလည်းမိမိ၏ သံချပ်ကာ လေးဘီးယက်ယာဉ်ထဲသို့ဝင်ထိုင်ကာ စထွက်ခိုင်းလေပြီ။
"ငှက်ခါး..ကြားလား..ငှက်ခါး" စက်ထဲမှ အဘ၏ အသံကြားသည်နှင့် ဆက်သွယ်ရေးစက်မှ စကားပြောခွက်ကို ကောက်ကိုင်လိုက်ကာ အဘထံအကြောင်းပြန်လိုက်၏.။

ဖြစ်စဉ်ကား လူနာကောက်ရန်ဆင်းလာသောမိမိတပ်မတော်၏ MI 17 ရဟတ်ယာဉ်ကြီးအား ရန်သူမှ ဒုံးဖြင့်ပစ်ချလိုက်သဖြင့် ရဟတ်ယာဉ်မှာ ပျံအတတ်တွင်ပျက်ကျကာ သတ်ကွင်းအတွင်းပိတ်မိနေသော မိမိတို့ရဲဘော်များကိုစစ်ကူပစ်ကူပေးရန်နှင့်ဒဏ်ရာရသွားသောရဟတ်ယာဉ်crewများကို ပြန်သယ်ထုတ်ရန်ဖြစ်သည်။တိုက်ပွဲနေရာနားနီးလာသည်နှင့်အမျှ စိန်ပြောင်းသံများ အာပီဂျေဒုံးသံများကြားနေရပြီး မီးရောင်များလည်း မြင်နေရပေပြီ ။ရှေ့နောက်တန်းစီလာသော မိမိယာဉ်တန်းအား ၂စီးပြိုင်၂တန်းရေလှိုင်းသဖွယ်မောင်းခိုင်းလိုက်လေပြီ ။သတ်ကွင်းအတွင်းသို့မိမိတို့ယာဉ်တန်းဝင်လာသည်ကိုတွေ့သည်နှင့်ရန်သူ၏အာပီဂျေဒုံးများ ပြေးလာသည်
ကိုမြင်နေရ၏


။သို့သော် မောင်းလာသော ကြောင့်ရန်သူသည်ထိမှန်အောင်မပစ်နိုင်ပဲကားများဘေးတွင်ကျရောကပေါက်ကွဲနေသည် ။ကွင်းအလယ်တွင် MI 17ရဟတ်ယာဉ်ကြီးမှာ ဘေးတစောင်းလှဲကျနေပြီး ၄င်းဘေးနားတွင် ဒဏ်ရာရ စစ်သည်များ ကျည်ကွယ်ယူနေပြီး ခပ်လှမ်းလှမ်းတွင် စိန်ပြောင်းအဖွဲ့ကလည်း တရစပ်ပစ်ခတ်နေသည် ။ ညနေစောင်းပြီဖြစ်သဖြင့် မြင်ကွင်းမှာမသဲကွဲတော့ပဲကျည်ဆံများဖြတ်ပျံနေရာမီးတန်းလေးများသာ မြင်နေရ၏ ။ ကားများအတွင်းမှ မိမိတပ်ခွဲကို ထွက်ရန် စက်ထဲမှ အမိန့်ပေးလိုက်၏ ။ ကားများထဲမှ မိမိတပ်ခွဲရောက်လာသည်နှင့် သတ်ကွင်းအတွင်းပိတ်မိနေသော မိမိစစ်သည်များ အားတတ်ကာ ရန်သူဘက်သို့ တရစပ်ပစ်ခတ်နေပြန်ပြိ ။

စစ်ကူရောက်လာသည်ကို သိသွားသော ရန်သူသည် လက်နက်ကြီးများကို အသုံးများလာသည် ။တဝုန်းဝုန်းနှင့်ပေါက်ကွဲနေသော ကျည်များကြားက ပိတ်မိနေသော တပ်ခွဲထံသို့သွားရောက်ပူးပေါင်းခဲ့သည် ။ ဒဏ်ရာရရှိသူများမှ များပြားလှ၏ ။မိမိလည်း တပ်စုတစ်စုထုတ်ကာဒဏ်ရာရသူများကိုမိမိတို့၏သံချပ်ကာကားများအတွင်းသယ်ဆောင်ခိုင်းလိုက်ပြီး ရှေ့တန်းစစ်မြေပြင်ဆေးရုံသို့ အမြန်ပို့ခိုင်းလိုက်သည် ။မိမိဦးစီးပြီး တပ်စု၂စုဖြင့် ရန်သူရှိရာသို့ ပစ်ခတ်ရင်းရှေ့တိုးခဲ့ကြပြီ ။Helmet ရှိ ညကြည့်မျက်မှန်များကို တပ်ဆင်လိုက်လေသောအခါ ရန်သူတို့အား အစိမ်းရောင်လူများအဖြစ်တွေ့မြင်ရလေသည်ကား မိမိတို့အားသာချက်ဖြစ်သည်

။ ပေါ့ပါးပြီးထိချက်ကောင်းမွန်သော မိမိတို့လက်နက်ငယ်များ၏ အစွမ်းကြောင့်ရန်သူတို့တစ်ယောက်ပြီးတစ်ယောက်လဲကျကုန်ပြီ ။သို့သော် ရန်သူ၏ စိန်ပြောင်းနေရာကို ရှာမတွေ့သေး ။ မိမိတပ်စုမှ ထုတ်နှတ်၆ယောက်ထုတ်ကာ တိုက်ပွဲနေရာမှ ပန်းတတ်ပြီး စိန်ပြောင်းနေရာအားရှာဖွေခိုင်းလေသည် ။မိမိလည်းနံဘေးသို့ စနိုက်ပါတစ်ယောက်ခေါ်ယူကာ အဝေးမှ စက်လတ်သမားများထံသို့ မေတ္တာလက်ဆောင် ၇.၆၂ များပို့ဆောင်ခိုင်းလိုက်လေတော့၏ ။

မကြာပါချေ ရန်သူစိန်ပြောင်းအဖွဲ့သည် မိမိတို့နှင့် ၁ မိုင်ခွဲခန့်တွင် ဖြစ်ကြောင်း ပြောင်းဝမှထွက်သော မီးရောင်များတွေ့ရကြောင်း စိန်ပြောင်း ၃ လက်ဖြစ်ကြောင်း အိုင်ကွန်ထဲမှ ကြားသဖြင့် အနီးးရှိ ရွှေ့လျား ဟောင်ဝစ်ဇာတပ်ခွဲသို့ လှမ်းခေါ်ကာ GPS ဖွင့်ကြည့်ပြး နေရာပြလိုက်လေသည် ။မကြာပါချေ ..တဂျီမ်းဂျိမ်းနှင့် ရန်သူစိန်ပြောင်းများနေရာသို့ ဟောင်ဝစ်ဇာကျည်များကျရောက်ကာ မီးလုံးကြီးများတတ်လာပြီး ရန်သူများဘက်မှ အပစ်အခတ်မရှိတော့ချေ ။

မိမိဘက်မှ တစ်ချို့မှာဒဏ်ရာရနေပြီဖြစ်သဖြင့် ရဟတ်ယာဥင်္အကူ ထပ်မံတောင်းခံလိုက်၏ ။ဗျုဟာမှ ယခုပင်လွတ်လိုက်ပြီဖြစ်ကြောင်း အကြောင်းကြား၏ ။မိမိလူများကိုအားပေးကာ ရန်သူအလောင်းလက်နက်များလိုက်လံကောက်ကာ ရဟတ်ယာဥင်္အလာကိုစောင့်ဆိုင်းနေသည် ။

မကြာမီပင်ရဟတ်ယာဥင်္များရောက်ရှိလာသဖြင့်ဒဏ်ရာရစစ်သည်များ ရန်သူလက်နက်များကို
တင်ဆောင်ပြီးသည်နှင့်ရဟတ်ယာဥင်္များ ပျံသန်းလေတော့သည် .။မိမိလည်း နောက်ဆုံးရဟတ်ယာဉ်သို့
တတ်လိုက်ပြီး ဖြစ်ပွါးခဲ့ရာနေရာအား ငေးမောကြည့်လိုက်စဉ် ။။ ခြုံထဲမှ လက်ထောင်လာသော မိမိစစ်သည်တစ်ဦးအား...မြင်လိုက်၍ ရဟတ်ယာဉ်ပြန်ဆင်း ပြန်ဆင်း ဟု အော်ဟစ်ကာ ရဟတ်ယာဉ် မြေပေါ်သို့မရောက်မီ ၈ ပေခန့်တွင် ခုန်ချလိုက်လေရာ......
....................................
------------------------
------------------------
အား......................
" ဖုန်း "
မြီးညောင့်ရိုးအောင့်သွားပြီး ကျောပြင်တစ်ခုလုံးပူထူသွားလေသည် ။
မျက်လုံးထဲက သဲများကို လက်ဖြင့်ပွတ်ထုတ်လိုက်သောအခါ
"ဟင်"...အဖြူညစ်ရောင်မျက်နှာကျက်..သစ်သားကုတင်တစ်လုံး..အစိမ်းရောင်ပျောက်ကာ မဲနေသော ခြင်ထောင်...လခွီး..အိမ်မက်မက်ပြီးခုတင်ပေါ်က ပျြတ်ကျတာဗျာ...။

ရှက်ကရှက်..ဒေါသကထွက်နဲ့မီးဖွင့်ပြီးခုတင်ပေါ်ပြန်အတတ်..အခန်းထောင့်မှာတွေ့ရသော ရှေ့တန်းထွက်ဖို့ပြင်ထားတဲ့ အာပီဂျေဒုံးသီးထောင်ထဲ့ထားတဲ့အပြင် တိုလီမုတ်စ တွေအကုန်ပါတဲ့ ကြိမ်ပလိုင်း ကြီးနဲ့..နိုင်လွန်တောဆောင်းဥိးထုပ်အပြင်ခြင်းတောင်းနားက့ချည်သားကင်းဗတ်လည်တို မြင်လိုက်လေသောအခါ....
""အာာာာာာာာာာာာာာာာာာာာာာာာာ...............ခွမ်း"
......................................

မနက်မိုးလင်း သောအခါ ရှေ့တန်းသို့ထွက်သွားသော ကပ်ပတိန်ငှက်ခါး၏ ခုတင်ဘေးက ပြတင်းပေါက်တွင် မှန်တစ်ချပ်နေရာ ဟောင်းလောင်းအဖြစ်တွေ့ရလေတော့သည် ။

12 comments:

  1. Good post.. Please write more.

    ReplyDelete
  2. ပေါက်တီးပေါက်ရှာကွာာာာာာာာာာ အဟီးးးးးးးးးးးးး

    ReplyDelete
  3. အရမ်းကောင်းတယ်ဗျာ။ကျွန်တော်တို့မြန်မာစစ်တပ်ကိုအဲလိုဖြစ်စေချင်လိုက်တာ။

    ReplyDelete
  4. သူများက ဖတ်လိုက် ရတာ နောက်တခါအဲလိုမလုပ်ပါနဲ့ သေမှပဲနိုးနော် အယ်ဒါမှမသေမှာ

    ReplyDelete
  5. Good Idea and Good Writing, I believe.
    With Love
    Nann Laypyae Nu

    ReplyDelete
  6. ခိခိ..မှန်ဖိုးလျော်ပါ. တဲ့..

    ReplyDelete
  7. တပ်ကထွက်ရင် စာရေးဆရာလုပ် ငါပရိုဂျူဆာ လုပ်ပေးမယ် အပြင်းပြေပေါ့

    ReplyDelete
  8. အင်း တော်တော်ကောင်းတဲ့အိပ်မက်ဘဲ ။အိပ်မက်ဆိုတာ စိတ်ကူးက စွဲပြီးဖြစ်လာတာလေ ။ စိတ်ကူးရှိတာကိုက အကောင်းဘက်ကိုပါပါတယ် ။ လက်ရှိတော့ ရှိတာလေးနဲ့ဘဲ ကြံ့ကြံ့ခံလိုက်ဦး ကိုငှက်ခါးရေ့ ။အကိုကြီးနောက်ကနေ ထောက်ထားပါတယ် အားမငယ်ပါနဲ့။

    ReplyDelete
  9. နောက်ပြီးတော့ Captain ဖြစ်ပြီး အာပီဂျေ ကိုင်တာရယ် ၊ တိုလီမုတ်စတွေ ထည့်ထားတဲ့ ကြိမ်ခြင်းကို လွယ်တာရယ် ၊ ချည်သား ကင်းပတ်လည်တိုကိုသာ စီးနိုင်တာရယ် ဒါကလဲ ထူးခြားတဲ့ Captain ရဲ့ ထူးခြားချက်တွေပါဘဲ ။ စွမ်းဆောင်နိုင်မှုဖြစ်မှာပေါ့နော် ။

    ReplyDelete
  10. မဆိုးဘူး ကောင်းတယ်ပဲ ပြောရမှာပဲ

    ReplyDelete
  11. ဆိုးလိုက်တာ အိပ်မက်တဲ့ :(

    ReplyDelete
  12. ဇတ်လို့ကောင်းတယ်ဗျာ။ မြန်မာ့တပ်မတော်ကိုလည်း အဲလိုမျိုး Modernized and Skillful Army ဖြစ်စေချင်ပါတယ်။

    ReplyDelete