Pages

Ads 468x60px

Featured Posts

Friday 17 May 2013

K-11 /Dual-caliber /air-burst Rifle

 တောင်ကိုရီးယားထုတ်.ဒေဝူးကုမ္မဏီရဲ့ K-11 ချေမှုန်းရေး Dual-caliber /air-burst ရိုင်ဖယ် ။ bullpup စနစ်ဖြစ်ပြီး ၂၀ x 30 မီလီမီတာ Air Bursting ဗုံးသီးကျည်အတွက် အပေါ်ပြောင်းကို အသုံးပြုပြီး ကျည်အိမ်မှာ bullpup တွင် ဒင်အောက်စနစ်ဖြစ်သည် ။ရိုင်ဖယ်အတွက် အောက်ပြောင်းဖြစ်ပြီး ၅.၅၆ x ၄၅ မီလီမီတာ နေတိုးစံ ကျည်ဆံဖြစ်သည် ။အမိုးအကာ မရှိပဲ ရှေ့နောက်ဝဲယာ အကာအကွယ်တွင်းနှင့် နံရံထောင့်များ အကြားပုံးကွယ်နေသော ရန်သူနှင့် အမိုးမဲ့ ကျင်း များ ဆက်သွယ်ရေးကတုတ်ကျင်းများ ကြားရှိ ရန်သူအား ၂၀ မီလီမီတာ Air Bursting နဲ့ ပစ်ခတ်နိုင်မည် ဖြစ်သည် ။


(မှားယွင်းချွတ်ချော်မှူ ရှိပါက စာရေးသူ၏ လေ့လာမှူ အားနည်းခြင်းကြောင့်သာ ဖြစ်ပါသည်)
ဆက်ဖတ်ရန်>>>

Tuesday 5 March 2013

ဝတ်စုံသစ်နဲ့ တပ်မတော်နေ့မှာတွေ့ရမည့် တပ်မတော်(ရေ)

ယခုအခါ တပ်မတော်နေ့ စစ်ရေးပြအတွက် နေပြည်တော်တွင် စစ်ရေးပြလေ့ကျင့်မှူများပြုလုပ်နေရာ တပ်မတော်(ရေ) အနေဖြင့် မကြာသေးခင်က ပြောင်းလဲထားသော ယူနီဖောင်းအသစ်ဖြင့် တပ်ခွဲတစ်ခွဲဝင်ရောက် စစ်ရေးပြသ မည်ဖြစ်သည် ။တပ်မတော်(ရေ) ၏ မူလ ဝတ်စုံ အပြာရောင်ပြောက်ကျား အပြင် ဆားဗစ်ဝတ်စုံ အဖြူများဖြင့် တပ်ခွဲတစ်ခွဲပါ ပါရှိလာမည်ဖြစ်ပါသည် ။






မှားယွင်းချွတ်ချော်မှူ ရှိပါက စာရေးသူ၏ လေ့လာမှူ အားနည်းခြင်းကြောင့်သာ ဖြစ်ပါသည်
ဆက်ဖတ်ရန်>>>

Monday 28 January 2013

QBU 09/ QBU 10

QBU 10 ၁၂.၇ မမ လက်ဖြောင့်သေနတ်ကြီးကတော့ QBU 09 ကို ထုတ်လုပ်ပြီး မကြာမီမှာပဲ အဆင့်မြင့်တင်လိုက်တဲ့ သေနတ်ဖြစ်ပါတယ် ။တရုတ်အထူးတပ်ဖွဲ့ဝင်များ နဲ့ မရိန်း တပ်တွေ အတွက်တပ်ဆင်ပေးဖို့ရည်ရွှယ်ထားခဲ့ပြီးမီတာ၁၀၀၀အတွင်းမှာရှိတဲ့ ပေါ့ပါးတဲ့ကား တွေ
သံချပ်ကာကားတွေကိုဟန့်တားဖို့ရယ် ဘန်ကာတွေနဲ့ နံရံတွေနောက်က ရန်သူကိုပစ်ခတ်နိုင်ဖို့ဖြစ်ပြီး မီတာ ၂၀၀၀ အတွင်းက လူစုလူဝေးပစ်မှတ်တွေကို ဖြို့ခွင်းတိုက်ခိုက်ဖို့ဖြစ်ပါတယ်။

 စထုတ်ကတည်းက တရုတ်တပ်မတော်တစ်ခုအတွက်သာ ရည်ရွှယ်ထုတ်လုပ်ခဲ့ပြီး မည်သည့်နိုင်ငံခြားကိုမှ
ရောင်းချထားခြင်းမရှိသေးပါဘူး ။ အဲဒီအတွက်လည်း သူ့ရဲ့အစွမ်းကို သိနိုင်ခဲပါတယ် ။ဒါပေမယ့် ထူးခြားတဲ့
အနေနဲ့ လွန်ခဲ့တဲ့ ၂၀၁၂ ဒီဇင်ဘာလ မှာတော့ မြန်မာနိုင်ငံမြောက်ဖျားပိုင်းက ကေအိုင်အေ အကြမ်းဖက်
သောင်းကျန်သူတွေ လက်ထဲမှာ ထူးထူးခြားခြားတွေ့ရှိလိုက်ရပါတယ် ။

QBU 10 အနေဖြင့် ယခင်ဆိုဗီယက် စံတစ်ခုဖြစ်တဲ့ ၁၂.၇x၁၀၈ မီလီမီတာ ကိုတုပယူထားပြီး ဒဿမ ၅၀ နဲ့ နေတိုးစံဖြစ်တဲ့ ၁၂.၇x၉၉ တွေ လည်း ရှိနေနိုင်ပါသေးတယ် ။အနောက်နိုင်ငံ ဟန်/ဒီဇိုင်းကို မမှီခိုပဲ
ကိုယ်ပိုင်ဒီဇိုင်းနဲ့ထုတ်ထားနိုင်ခဲ့တဲ့အတွက် သေနတ်တစ်လက်အနေနဲ့ ရုရှားသေနတ်များကဲ့သို့ မျက်နှာရစေမှာတော့ သေချာပါတယ် ။

QBU 10 ဟာ မီတာ ၁၀၀၀ မှာ 2-3MOA ထိမှတ်ညွန်းရှိပါတယ် ။စနိုက်ပါ ကျည်ဖြင့်ပစ်ခတ်လျှင် မီတာ ၁၀၀၀ မှာ  full-spread circle diameter ၁၃ စင်တီမီတာ ရရှိနိုင်ပြီး ရိုးရိုးကျည်ဖြင့် ပစ်ခတ်လျှင်တော့
မီတာ ၁၅၀၀ မှာ full-spread circle diameter ၁၅ စင်တီမီတာ ထိရောက်ပါတယ် ။

သူ့ရဲ့ မောင်းပြန် နည်းပညာကတော့ ဆီမီးအော်တိုမစ်တစ် Gas-operated  ဖြစ်ပြီး တုန်ခါမှူအားကို သိသိ
သာသာ လျှော့ချထားနိုင်တယ်လို့ ကြားရပါတယ် ။ဆုံလည်မောင်းတုံးဖြစ်တဲ့ rotary Bolt Locking နဲ့ပဲဖြစ်ပြီး Short-Stoke GAS Piston အသုံးပြု မောင်းပြန်နည်းပညာဖြစ်ပါတယ် ။ကျည်ဆံ ၅ တောင့်ဝင်
ကျည်အိမ်နဲ့ တပ်ဆင်ပစ်ခတ်ပါတယ် ။

လက္ခဏာများ ယူနစ်များ
ပြောင်းအမျိုးအစား ၁၂.၇x၁၀၈ မီလီမီတာ
မောင်းပြန်နည်းပညာ Gas Operated/Semi-Automatic
သေနတ်တစ်ခုလုံးအလျား ၁၃၈၀ မီလီမီတာ/၅၄.၃ လက်မ
ပြောင်းအလျား ၇၈၀ မီလီမီတာ/၃၀.၇ လက်မ
ပြောင်းအမျိုးအစား ၁၂.၇x၁၀၈
သေနတ်အလေးချိန်(ကျည်အိမ်မပါ/စကုပ်မပါ) ၁၃.၃ ကီလိုဂရမ်/၂၉.၃ ပေါင်



ပြောင်း/ကိုယ်ထည်/ဒင် နဲ့ အပစ်ခလုတ်မောင်းအစုအဝေးပိုင်းတို့ကို လျှင်မြန်စွာဖြုတ်နိုင် တပ်နိုင်ပါတယ်။

ဆက်ဖတ်ရန်>>>

Thursday 20 December 2012

မြန်မာ့တပ်မတော် စစ်ချီသီချင်းများ စုစည်းဖော်ပြမှူ(၁)



ဆက်ဖတ်ရန်>>>

Wednesday 19 December 2012

AK 107

AK 107/108 ဟာ ဆိုလျှင် ရုရှားရဲ့ အေကေ ၁၀၀ စီးရီးတွေကနေ ဆက်ထွက်လာတဲ့ ဒီဇိုင်းတစ်ခုဖြစ်ပါတယ် ။ ယူးရိ အဲလက်ရ်ဇန်းဒရော့ဗ် ရဲ့ဒီဇိုင်းဖြစ်ပြီး ၁၉၉၀ မှာ ထွက်ရှိထားပြီး SEK-971 ကဲ့သို့ Balanced အမျိုးအစားတူဖြစ်ပါတယ် ။

အေကေ ၁၀၇ ရဲ့ သေနတ်ပြောင်း/ကျည် ကတော့ 5.49x39 မမ ဖြစ်ပြီး အေကေ ၁၀၈ ရဲ့ ပြောင်း/ကျည် ကတော့ 5.56x45 ဖြစ်ပါတယ် ။

အတွဲတိုပစ်ခတ်မှူမှာ သေနတ်လှူပ်ခါမှူကိုအတတ်နိုင်ဆုံးနည်းပါးစေဖို့နဲ့ပိုမိုထိရောက်မှူရှိစွာပစ်ခတ်နိုင်ဖို့ Gas operated(ယမ်းငွေ့အားသုံး မောင်းပြန်စနစ်)ကို အသုံးပြုပါတယ် ။ကျည်ဆံကိုမောင်းရိုက်တံကနေ ရိုက်ခတ်ပြီး ပစ်လွတ်တဲ့ အချိန်မှာ ထွက်ပေါ်လာတဲ့ ယမ်းပေါက်ကွဲအားက ယမ်းငွေ့တွေက ပြောင်းရင်းအပေါ်မှာ ရှိတဲ့ ဆိုင်လင်ဒါ ပြောင်းဆီကို တွန်းထိုးတတ်သွားပြီးပစ်စတင် နှစ်ခုကိုတွန်းအားပေးပါတယ်။အဲဒီအတွက်အပေါ်ပြောင်းထဲကပစ္စတင်ဟာ ရှေ့ကို
ရွှေ့လျားပါတယ်။တပြိုင်နက် သေနတ်ကိုယ်ထည်ထဲက မောင်းတုံးကို နောက်ကန်ရွှေ့လျားစေပါတယ် ။စမ်းသပ်ချက်တွေ အရ အေကေ 74 အမ် တွေထက် အတွဲတို ပစ်ခတ်မှူတွေမှာ 1.5-2 ကြိမ် လှူပ်ခတ်မှူ လျော့ပါးစေနိုင်ပါတယ်တဲ့ ။

အေကေ ၁၀၇ ရဲ့ Gas operated လှုပ်ရှားမှူ
သေနတ် ပြောင်းကိုတော့ ခရုမ်းသတ္ထုနဲ့ပြုလုပ်ထားပြီး 415 မီလီမီတာ အရှည်ရှိပါတယ် ။သေနတ်တစ်ခုလုံးရဲ့အလျားကတော့ 943 မီလီမီတာ ရှိပါတယ် ။ကျည်အိမ် ကိုကျည်ဆံ 30 ဆံဝင် ဘောက် နဲ့ ပစ်ခတ်နိုင်ပြီး
ဆက်ဖတ်ရန်>>>