Showing posts with label ဂျာမဏီ. Show all posts
Showing posts with label ဂျာမဏီ. Show all posts
Tuesday, 20 November 2012
Friday, 21 September 2012
walther wa2000
ထူးထူးခြားခြား ၅နှစ်ကျော် ဒီဇိုင်းအကြိမ်ကြိမ်ဆွဲခဲ့ပြီး ၁၉၈၂ ကျမှ ပုံစံအတည်တကျပေါ်ထွက်လာတဲ့ စနိုက်ပါရိုင်ဖယ်ပါ ။၅ နှစ်ကျော် ဒီဇိုင်းဆွဲခဲ့သည့်ကြားကပင် ၁၉၈၈ အထိ ပုံစံ ၃မျိုးဆက်ထုတ်ခဲ့ပါတယ် ။အဲဒါကတော့ ဒသမ ၃၀၀ မဂ္ဂနပ်ပြောင်း/7.62x NATO နဲ့ 7.5x55 ဆွစ် တို့ပဲ ဖြစ်ပါတယ်။ဒဿမ ၃၀၀ မဂ္ဂနပ်ပြောင်းသေနတ်ဟာ မီတာ ၁၀၀၀ အထိ စွမ်းဆောင်နိုင်စွမ်းရှိပါတယ် ။အတည်မပြုနိုင်တဲ့ သတင်းများအရ ဒီသေနတ်ကိုမူတည်ပြီး နာမည်ကျော် DSR များ ပေါ်ထွက်လာတယ်ဆိုတာပါပဲ ။မောင်းပြန်စစ်စတမ်များကတော့ ဓါတ်ငွေ့အားသုံးမောင်းပြန်အပြင်တတောင့်ချင်းမောင်းပြန်နဲ့ ဆီမီးအော်တို တို့ဖြစ်ပါတယ် ။မောင်းခလုတ်ကိုတော့ နှစ်ချက်ဆွဲ adjustable သုံးထားပါတယ်..။sight ကိုလည်း ထူးထူးခြားခြား 2.5-10x56 မီလီမီတာ ပဲဖြစ်ပါတယ် ။
အလေးချိန်ကတော့ 6.95 ကီလိုဂရမ်ဖြစ်ပြီး ပြောင်းအလျှား 650 မီလီမီတာ အပါအဝင် သေနတ်တစ်ခုလုံး
အရှည်ကတော့ 905 မီလီမီတာ ဖြစ်ပါတယ် ။ ၆တောင့်ဆံ ကျည်အိမ်နဲ့တွဲသုံးထားပြီး ဆီမီးအော်တိုမစ်တစ်
မောင်းပြန်စနစ်ဖြစ်ပါတယ်။ ဂျာမာန်ရဲတပ်ဖွဲ့တွေအသုံးများပြီး အခုအခါမှာတော့ ထုတ်လုပ်မှူရပ်ဆိုင်းသွားပါပြီ ။
Subscribe to:
Posts (Atom)




