Pages

Monday 24 September 2012

သမ္မတ အမိန့်ကြောင့် ခံစစ်ဖြင့်ထိုင်နေသော မြန်မာ့တပ်မတော်ကို ကေအိုင်အေက စစ်မျက်နှာ ၂ ဘက်ဖွင့်တိုက်

ဖားကန့်-တာမခန်လမ်းပေါ်တွင် တိုက်ပွဲများဖြစ်ပွားပြီး ဒေသခံအချို့ တိမ်းရှောင်ထွက်ပြေး မောင်တာ၊ မန္တလေး၊ စက်တင်ဘာ ၂၄ ဖားကန့်မြို့တောင်ဘက် ၂၁မိုင်ခန့်အကွာတွင်တည်ရှိ သည့် တာမခန်ရွာသို့သွားရာ ဖားကန့်-တာမခန်လမ်းပေါ်တွင် စက်တင်ဘာ ၂၁ရက် နေ့လယ် ၁၁နာရီခန့်မှ စ၍ KIA နှင့် မြန်မာတပ်မတော်ကြား ပစ်ခက်တိုက်ခိုက်မှုအချို့ရှိခဲ့ရာ အဆိုပါလမ်းတစ်လျှောက်ရှိ ကျေးရွာများမှ ဒေသခံများမှာ ဖားကန့်မြို့နှင့် ဆက်လျက်ရှိသည့် ဆိုင်းတောင်ရွာနှင့် တာမခန်ရွာများသို့ ပြောင်းရွှေ့တိမ်းရှောင် နေကြကြောင်း ဖားကန့်မြို့နှင့် ဆိုင်းတောင်ရွာ ဒေသခံများထံမှ သတင်းရရှိသည်။ စက်တင်ဘာ ၂၂ရက် နံနက် ၁၁နာရီဝန်းကျင်ခန့်က ဆိုင်းတောင်ရွာနှင့် ဆယ်မိုင်ခန့်အကွာ၊ ဖားကန့် တာမခန်လမ်းအလယ်ဗဟိုတွင်ရှိသည့် ကသိုဏ်းတောင်တွင် လက်နက်ကြီးလက်နက်ငယ်ပစ်ခက်တိုက်ခိုက်သံ များ ကြားခဲ့ရပြီး ညပိုင်းတွင်တစ်ကြိမ်၊ ၂၃ရက် နံနက်ပိုင်းနှင့် ညပိုင်းအထိတိုက်ခိုက်သံများ ဆက်လက်ကြားခဲ့ ကြောင်း၊ စက်တင်ဘာ ၂၄ရက်နေ့လယ် ၂နာရီအချိန်ခန့်တွင်လည်း ဆိုင်းတောင်ရွာမှ နှစ်မိုင်ခန့်ဝေးသည့် မှော်ရကင်တွင်လည်း တောင်ယာသွားသည့် ဒေသခံ ၃ဦး မိုင်းနင်းမိပြီး ဖားကန့်ဆေးရုံသို့ တင်ပို့ထားရကြောင်း၊ လွန်ခဲ့သည့် ၄ရက်ခန့်မှစ၍ ဖားကန့်-တာမခန်လမ်းကို ပိတ်ဆို့ထားကြောင်း၊ ဆိုင်းတောင်ရွာမှဒေသခံ တစ်ဦးက ပြောသည်။ စက်တင်ဘာ ၂၂မှ ၂၄ရက် နံနက်အစောပိုင်းအထိ ကသိုဏ်းတောင်ကုန်းမှ ထွက်ပေါ်လာသော လက်နက် ကြီးလက်နက်ငယ် ပစ်ခက်သံ၊ တိုက်ပွဲသံများကြောင့် အနီးအနားပတ်ဝန်းကျင်ရှိ မှော်ရွာများမှ ဒေသခံများမှာ တိုက်ပွဲဖြစ်ပွားရာ နေရာ၏ တစ်ဖက်ဆီတွင် ရှိသည့် တာမခန်နှင့် ဆိုင်းတောင်သို့ ပြောင်းရွှေ့သွားကြကြောင်း ဖားကန့်ဒေသခံ တစ်ဦးက ပြောသည်။ “မော်မောင်းလယန်မှာ အလှူရှိလို့သွားကြတာ။ ပစ်ခက်တိုက်ခိုက်သံတွေကြားလို့ ပြန်ပြေးလာကြ တယ်” ဟု စက်တင်ဘာ ၂၂ရက်နေ့က ကသိုဏ်းတောင်အနီးရှိ မော်မောင်းလယန်ရွာသို့ အလှူပွဲသွားရောက်ခဲ့ သည့် ဖားကန့်မြို့ခံတစ်ဦးက ပြောသည်။ ဆိုင်းတောင်ရွာအနီး မှော်ရကင်တွင် ဖြစ်ပွားခဲ့သည့် မိုင်းကွဲမှုနှင့် တိုက်ခိုက်သံများ ကြားခဲ့ရခြင်းကြောင့် မှော်ရကင်နှင့် သုံးဖာလုံခန့်ဝေးသည့် နန့်မှော်ရွာမှ ဒေသခံများ ဆိုင်းတောင်ရွာသို့ ထွက်ပြေးတိမ်းရှောင်လာ ကြောင်း ဆိုင်းတောင်ရွာခံများထံမှ သိရသည်။ “စက်တင်ဘာ ၂၄ရက် ညနေ ၆နာရီမှာ ဆိုင်းတောင် ဆုတောင်းကုန်း ချက်ကျောင်းကို လူ၈၀နဲ့ ဆိုင် ကယ်အစီး၅၀ရောက်လာတယ်။ မော်ရကင်မှာ မိုင်းကွဲပြီး ကြောက်လို့ ပြောင်းလာကြတာတဲ့” ဟု ဆိုင်းတောင် ရွာသားတစ်ဦးက ပြောသည်။ တိုက်ပွဲများဖြစ်ပွားရခြင်းမှာ ၄င်းဒေသတွင် အမြင်ဆုံးတောင်ဖြစ်သည့် ကသိုဏ်းတောင်တွင် တပ်ဆွဲထားသည့် မြန်မာတပ်မတော်ကို KIA တပ်များမှ နှစ်ဖက် ညှပ်တိုက်၍ ဖြစ်နိုင်ကြောင်း၊ လမ်းကြောင်း ပိတ်ထား၍အပျက်အဆီးအကျအဆုံး မသိရကြောင်း ဖားကန့်နှင့် ဆိုင်းတောင်မှ ဒေသခံများမှ ပြောသည်။

ဆက်ဖတ်ရန်>>>

Saturday 22 September 2012

စစ်သွေးကြွလွန်းသောအခါ တစ်ဖက်စွန်းရောက်သွားတတ်သည်


ဇာတ်ကားတွေကြည့်ရင်းနဲ့ ၉ တန်းလောက်က ကြည့်ဖူးတဲ့ THE ROCK(1996) ကို ပြန်ကြည့်ဖြစ်တယ်..နီကိုလပ်ကေ့ခ်ျက ကျနော်အကြိုက်ဆုံးသရုပ်ဆောင်ပါ. နီကိုလပ်ကေ့ခ်ျ-မင်းသားကြီးရှောင်ကွန်နရီ-အက်ဒ်ဝပ် ဟားရက်စ်တို့ အပြိုင်သရုပ်ဆောင်ထားတဲ့ ကားကောင်းပါ. အခုပြန်ကြည့်မှပဲ ဇာတ်လမ်းသဘောတရားကို နားလည်ပြီး အဲဒီဇာတ်ကား ထဲက ဟားရက်စ်ကို ကျနော် လေးစားမိတယ်..။

ဇာတ်လမ်းသဘောအရ ဟားရက်စ်က အမေရိကန် မရိန်းတပ်ဖွဲ့က ဘရင်ဂေးဒီးယားဂျန်နရယ်လ်တစ်ယောက်ပါ။တစ်ခါမှာ Desert Stone ဆိုတဲ့ အော်ပရေးရှင်းမှာ သူ့ရဲဘော်တွေ တော်တော်ကျသွားခဲ့တာကို စိတ်မကောင်းဖြစ်နေတဲ့ လူတစ်ယောက်ပါ ။ကျဆုံးသွားတဲ့ ရဲဘော်မိသားစု တွေအတွက် အစိုးရက ဘာမှမလုပ်ပေးခဲ့တာကို တင်းပြီး သူနဲ့အတူ စိတ်တူကိုယ်တူ မရိန်းနေဗီလ်ဆီးလ် အထူးတိုက်ခိုက်ရေးတပ်စုတစ်စုကို ခေါ်ထုတ်ပြီး ထောက်/ပို့ တပ်ကနေ ဓါတုလက်နက် တာတိုပစ်ဒုံးတွေ ခိုးထုတ်ပါတယ် ။ပြီးတော့ ပြတိုက်လုပ်ထားတဲ့ ရေလယ်ခေါင်မှာရိတဲ့ အယ်ကာထရက်ဇ်ကျွန်း အကျဉ်းထောင်ဟောင်းကို လေ့လာရေးအဖွဲ့တွေ ရှိနေတဲ့ အချိန် ဝင်စီးပြီး ဒုံးတွေကို ဆန်ဖရန်စစ္စကို ဘေင်္လးဧရိယာထဲ ချိန်ထားပါတယ်.အဲဒီနောက်မှာ သမ္မဆီဖုန်းဆက်ပြီး သူကို USD သန်းတစ်ထောင် တောင်းပါတယ် ။အဲဒါနဲ့ သမ္မတဟာ အစိုး၇အဖွဲ့ နဲ့အတူ ပန်တဂွန်မှာ ကာကွယ်ရေးဝန်ကြီးတွေနဲ့အစည်းအဝေးလုပ်ပြီး ဂျန်နရယ်နဲ့တိုက်ရိုက်ဖုန်းပြောပါတယ် ။

နောက်တော့ သမ္မတဟာ FBI ဓါတ်ခွဲခန်းက နီကိုလပ်ကေ့ခ်ျကို အဲဒီကျွန်းက ထွက်ပြေးဖူးတဲ့ ရှောင်ကွန်နရီနဲ့အတူ ထောင်ထဲကို ခိုးဝင်ပြီး ဒုံးထဲက ထိန်းချုပ်ရေးဆားကဒ်ပြားတွေထုတ်ဖို့ခိုင်းလိုက်ပါတယ်..။ရှောင်နဲ့နီကိုလပ်ကေ့ခ်ျက နေဗီဆီးလ်တစ်ဖွဲ့နဲ့အတူ ရှောင်ထွက်ပြေးဖူးတဲ့ရေအောက်လမ်းကနေထောင်ထဲကိုအဝင် ရေဒါစက်ရုပ်ကြောင့် နေဗီဆီးလ်တွေကို ဟားရက်တွေ အဖွဲ့က သိပြီး လက်နက်ချခိုင်းရာကနေ ပစ်ခတ်မှုဖြစ်ပွါးကာ နေဗီးလ်ဆီးလ်တွေပစ်ခံလိုက်ရပြီး ရှောင်နဲ့နီကိုလပ်ကေ့ခ်ျတို့၂ယောက်သာကျန်ကာ ဒုံးတွေကို လိုက်ဖြုတ်တဲ့ အက်ရှင်တွေမြင်ရမှာပါ.. အဲဒီမှာ ဘရင်ဂေးလ်ဒီးယား ဂျန်နရယ် နေရာက ဟားရက်ကို ကျနော်လေးစားသွားတယ်..။

သူရဲဘော်တွေကို သူရဲကောင်းအဖြစ်မသတ်မှတ် လို့ ကျန်ရှိမိသားစုတွေကို အစိုးရက မထောက်ပံလို့ အစိုးရကို ပြန်ကန့်လန့် တိုက်ပြီး ငွေတောင်းတာပါ ။သမ္မတနဲ့ကာကွယ်ရေးဝန်ကြီးတွေနဲ့ သူနဲ့တိုက် ရိုက်ဖုန်းပြောတဲ့အချိန်မှာ ဒီငွေတွေ ဘာလုပ်ဖို့လဲဆိုတော့..ငါလုံးဝမယူဘူး. ကျဆုံးသွားတဲ့ မင်းတို့ဂရုမစိုက်တဲ့ ကျန်ရှိမိသားစုတွေကို ငါပေးမလို့ ဆိုပြီး ပြောလိုက်တဲ့အချိန်မှာ ကာကွယ်ရေးဌာနက ဗိုလ်ချုပ်ကြီးတွေ မျက်နှာမှာဖြစ် သွားတဲ့ အံသြသွားတဲ့ပုံက တကယ်ကျက်သီးထစရာပါ။

နောက်ဆုံး သူတို့ကို ငွေမပေးပဲ လေကြောင်းကနေ တိုက်မယ်.နေဗီးလ်ဆီးလိကွန်မန်ဒိုတွေနဲ့လာတိုက်လို့ နီကိုလပ်ကေ့ခ်ျတို့မဖြုတ်ရသေးတဲ့နောက်ဆုံးဒုံး၂လုံးထဲက ပထမဒုံးကို သူ့ရဲ ဘော်တွေ တောင်းဆိုလွန်းလို့ ပစ်လွတ်ပေမယ့် နောက်ဆုံး သူ လမ်းကြောင်းလွဲလိုက်ပါတယ်..ရဲဘော်တွေက ဝိုင်းမေးတော့ လူပေါင်း ၃ သောင်းကိုငါအသားလွတ်သတ်ရမှာလားဆိုပြီး.ရဲဘော်တွေနဲ့အချင်းချင်းပြန်ပစ်ရင်းကသေသွားပါတော့တယ် .။

 တကယ်တော့ သူဟာ လက်အောက်ရဲဘော်တွေကို ချစ်လွန်းအားကြီးလို့ လမ်းမှားလိုက်မိတဲ့ စစ်သားကောင်းကြီးဖြစ်ခဲ့ပါတယ်။နောက်ဆုံး ဒုံးကိုတောင် မြို့ပေါ်ကနေ ပင်လယ်ထဲ လမ်းကြောင်းပြောင်းမိလို့ သူကိုယ်တိုင် အသတ်ခံ လိုက်ရပါတော့တယ်...။ တကယ်စစ်သားစိတ်နဲ့ကြည့်ရင် သူ့ကို ဗီလိန်ဘက်ကနေ ခံစားပြီးကြည့်လို့ မရခဲ့ဘူး..။စစ်သွေးကြွလွန်းပြီး စစ်သားပီသလွန်းတာကနေ အစွန်းရောက် သွားတဲ့ စစ်သားတစ်ယောက်အနေနဲ့ ဂရုဏာသက်မိတယ်..။ အားလုံးကြည့်ဖူးကြပေမယ့် ပြန်ကြည့်လိုက်ပါဦးဗျာ။
ဆက်ဖတ်ရန်>>>

Friday 21 September 2012

walther wa2000


ထူးထူးခြားခြား ၅နှစ်ကျော် ဒီဇိုင်းအကြိမ်ကြိမ်ဆွဲခဲ့ပြီး ၁၉၈၂ ကျမှ ပုံစံအတည်တကျပေါ်ထွက်လာတဲ့ စနိုက်ပါရိုင်ဖယ်ပါ ။၅ နှစ်ကျော် ဒီဇိုင်းဆွဲခဲ့သည့်ကြားကပင် ၁၉၈၈ အထိ ပုံစံ ၃မျိုးဆက်ထုတ်ခဲ့ပါတယ် ။အဲဒါကတော့ ဒသမ ၃၀၀ မဂ္ဂနပ်ပြောင်း/7.62x NATO နဲ့ 7.5x55 ဆွစ် တို့ပဲ ဖြစ်ပါတယ်။ဒဿမ ၃၀၀ မဂ္ဂနပ်ပြောင်းသေနတ်ဟာ မီတာ ၁၀၀၀ အထိ စွမ်းဆောင်နိုင်စွမ်းရှိပါတယ် ။အတည်မပြုနိုင်တဲ့ သတင်းများအရ ဒီသေနတ်ကိုမူတည်ပြီး နာမည်ကျော် DSR များ ပေါ်ထွက်လာတယ်ဆိုတာပါပဲ ။မောင်းပြန်စစ်စတမ်များကတော့ ဓါတ်ငွေ့အားသုံးမောင်းပြန်အပြင်တတောင့်ချင်းမောင်းပြန်နဲ့ ဆီမီးအော်တို တို့ဖြစ်ပါတယ် ။မောင်းခလုတ်ကိုတော့ နှစ်ချက်ဆွဲ adjustable သုံးထားပါတယ်..။sight ကိုလည်း ထူးထူးခြားခြား 2.5-10x56 မီလီမီတာ ပဲဖြစ်ပါတယ် ။
အလေးချိန်ကတော့ 6.95 ကီလိုဂရမ်ဖြစ်ပြီး ပြောင်းအလျှား 650 မီလီမီတာ အပါအဝင် သေနတ်တစ်ခုလုံး
အရှည်ကတော့ 905 မီလီမီတာ ဖြစ်ပါတယ် ။ ၆တောင့်ဆံ ကျည်အိမ်နဲ့တွဲသုံးထားပြီး ဆီမီးအော်တိုမစ်တစ်
မောင်းပြန်စနစ်ဖြစ်ပါတယ်။ ဂျာမာန်ရဲတပ်ဖွဲ့တွေအသုံးများပြီး အခုအခါမှာတော့ ထုတ်လုပ်မှူရပ်ဆိုင်းသွားပါပြီ ။






ဆက်ဖတ်ရန်>>>

Thursday 20 September 2012

Dragunov SVD

မြောက်ပိုင်းဝက်ဝံကြီးရဲ့ အအောင်မြင်ဆုံး ကမ္ဘာ့အကြိုက်ဆုံး စနိုက်ပါရိုင်ဖယ်ကိုပြပါဆိုလျှင် ဒရာဂွန်နော့ဗ် လက်ဖြောင့်ရိုင်ဖယ်ကို လူတိုင်း ပြေးမြင်မိကြမှာပါ။ စစ်တပ်တွေမှာ အထူးတပ်ဖွဲ့တွေ တော်လှန်ရေးအင်အားစုတပ်ဖွဲ့တွေ ပုန်ကန်လိုသူတွေ ကြေးစားလက်ဖြောင့်တွေ အစရှိသဖြင့် ကမ္ဘာ့နေရာအရပ်ရပ်က လက်နက်ကိုင်တိုင်း ဆီမှာတွေ့နိုင်တဲ့ စနိုက်ပါရိုင်ဖယ်ဖြစ်ပါတယ် ။ 7.62 ကျည်နဲ့ ပစ်နိုင်ခြင်း ပေါ့ပါ့လွန်းခြင်း ထိရောက်မှူကောင်းခြင်းတို့ကြောင့် အကြိုက်တွေ့ကြပါတယ် ။



ဆိုဗီယက် ယူနီယံ ခေတ်ကောင်းစဉ်က ရုရှားလက်နက်ဒီဇိုင်းပညာရှင် Евгений Фёдорович Драгунов က ၁၉၅၈ မှာ ပုံစံရေးဆွဲခဲ့ပြီး ၁၉၆၃ ခုနှစ်မှာ ဆိုဗီယက် တပ်နီတော်မှာ စတင် အသုံးပြုခဲ့ပါတယ်။


ရိုင်ဖယ်ရဲ့ မောင်းပြန်နည်းပညာကတော့ ဓါတ်ငွေ့အားသုံး ဆီမီးအော်တိုမစ်နစ် မောင်းပြန်စနစ် ပဲဖြစ်ပါတယ် ။
(မှတ်ချက် ။ ဓါတ်ငွေ့အားသုံး ဆီမီးအော်တိုစနစ်ဆိုသည်မှာ ပထမတစ်ချက် မောင်းတင်ပြီးသည်နှင့်နောက်
ကျည်များ ပစ်ခတ်ရန်အတွက် အော်တိုစနစ် မောင်းပြန်ခြင်းဖြစ်သည် ။ သာမာန် Manual စနစ်မှာတော့
ကျည်ရှိမှသာ မောင်းပြန်ပြီး ဓါတ်ငွေ့စနစ်မှာတော့ ပြောင်းရင်းထဲ ကျည်ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ
အော်တိုမောင်းပြန်ခြင်းဖြစ်ပါတယ်)
ဒရာဂွန်နော့ဗ်ကို ခြေလျှင်တပ်စုတိုက်ခိုက်ရေးလက်နက်အနေနဲ့ အသုံးပြုဖို့ရည်ရွှယ်ထုတ်လုပ်ခဲ့ခြင်းဖြစ် ပြီး မီတာ ၆၀၀ ထိရောက်မှူရှိစေပါတယ် ။ရိုင်ဖယ်ကို စနိုက်ပါ အနေနှင့်လည်းကောင်း ချေမှူန်းရေး ရိုင်ဖယ် အနေနဲ့ပါ တစ်နည်း ၂ မျိုးအသုံးပြုလို့ရအောင်ထုတ်လုပ်ခဲ့ခြင်းဖြစ်ပါတယ်။ဒါကြောင့်လည်း လှံစွပ်တပ်ဆင် ရန်နေရာပါ ပါရှိလာပါတယ်။လှံစွပ်ကိုတော့ AK 47 လှံစွပ်အား တပ်ဆင် အသုံးပြုနိုင်ပါတယ် ။ နောက်ပိုင်း အဆင့်မြင့်တင်မှုအပြီးမှာတော့ ရိုင်ဖယ်ဟာ မီတာ 800 အထိရောက်ဆုံး ဖြစ်ခဲ့ပါတယ် ။ရုရှား တပ်မတော် လေထီးတပ်ဖွဲ့တွေဟာ ဒရာဂွန်နော့ဗ်ကို ပြောင်းအလျား ၅၉၉ မီလီမီတာ ပြောင်းတို တပ်ဆင် အသုံးပြုလာကြပါတယ် ။
လေထီးတပ်ဖွဲ့ကိုင် ဒရာဂွန်နော့

 ဒရာဂွန်နော့ရိုင်ဖယ်ကို ချေမှူန်းရေးရိုင်ဖယ်အဖြစ်နဲ့ 5.45x39 မမ ပြောင်းနဲ့ ကျည်အိမ် 45 တောင့်ဆံနှင့် AK-74 ကဲ့သို့ အသုံးပြုတဲ့အခါ မီတာ1000 အထိ ထိရောက်မှူကောင်းတာကို စမ်းသပ်တွေ့ရှိရပါတယ်။



 အသုံးပြုခဲ့သော နယ်ပယ်
ဒရာဂွန်နော့ဗ်ရိုင်ဖယ်ကို ဗီယက်နမ် စစ်ပွဲ ၊ ဗီယက်နမ်-ကမ္ဘောဒီးယား စစ်ပွဲ ၊ အာဖဂန်နစ္စတန်သို့ ရုရှားဝင်ရောက်တိုက်ခဲ့သော စစ်ပွဲ ၊ ချေချင်းညာတိုက်ပွဲကာလ ၊၁၉၉၀ ကူဝိတ် စစ်ပွဲ ၊ အီရတ် စစ်မြေပြင် ၊ ယူဂိုဆလပ် တိုက်ပွဲစဉ်များ ၊ ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ဒေသ တိုက်ပွဲများ ၊ လစ်ဗျား ပြည်သူစစ်ကာလ တွေမှာ ပြောင်မြောက်စွာ လက်စွမ်းပြနိုင်ခဲ့ပါတယ် ။

 အရည်အသွေးများ
ရိုင်ဖယ်ဟာ 10 တောင့်ဆံ ကျည်အိမ် တပ်ဆင်ထားပြီး 7.62x54 မမ နှင့် 7.62x39 မမ ကျည်ဆံဖြင့်အသုံး
ပြုပါတယ်။သေနတ်ပြောင်းကတော့ ခရိုမီယံသတ္ထုနဲ့ ပြုလုပ်ထားပြီး ပြောင်းရစ်ကတော့(1း12.6)အချိုးဖြင့် ပြောင်းရစ်တစ်ရစ်ကျစီ ၄ ရစ်( ညာရစ်) ဖြစ်ပါတယ်။နောက်ပိုင်းမှာတော့ စနိုက်ပါ ရိုင်ဖယ်အဖြစ်သုံးလာကြ
တဲ့အတွက် ပြောင်းရစ်အချိုးကို(1း9.4) အချိုး ရစ်လိုက်ပါတယ်  ။ အဲဒီအတွက် ပြောင်းတုန်ခါမှုနည်းသွားပြီး
ပြောင်းထွက်ရှိန် 820 m/s (တစ်စက္ကန့်ကို ပေ ၂၅၀၀ ) ရှိလာပါတယ် ။
ပစ်မှတ်ထိချက်တွေကတော့ ပြောင်းရစ်အချိုး(1း9.4) မှာ ၁.၂၄ မိနစ် ရှိပြီး (1း12.6) မှာ(1း04) မိနစ်နီးနီး
ဖြစ်ပါတယ်။စနိုက်ပါသီးသန့်ကျည် 57-N-323s ဖြင့် ပစ်မည်ဆိုပါက 1.11 မိနစ် ရရှိနိုင်ပါတယ်




 အမျိုးအစားများ ပြန့်ကားမှူ
ဒရာဂွန်နော့ဗ် ရိုင်ဖယ်ကို နိုင်ငံအချို့ဆီ လိုင်စင်ချပေးပြီး ထုတ်လုပ်ထားပါတယ် ။
အီရတ် ကတော့  Al-Kadesih sniper rifle ဆိုပြီးထုတ်ပါတယ် ။


ပိုလန် နိုင်ငံကတော့ SWD-M ဆိုပြီး ထုတ်ပါတယ် ။အောက်ပုံမှာတော့ ပိုလန်စစ်သားကို SWD-M နဲ့အတူတွေ့ရမှာပါ။

တရုတ်နဲ့အီရန် ကတော့ Type 79 နဲ့ Type 85 ဆိုပြီးထုတ်ပါတယ်။ထုံးစံအတိုင်း တရုတ်ကတော့ ဝက်ဝံကြီးဆီက ခိုးပါတယ် ။ အဲဒါကို အီရန်က တရုတ်ရဲ့ Type 79 ကို ပြန်ခိုးပါတယ်။

Type 79

၁၉၉၄ မှာတော့ ဒရာဂွန်နော့ SVD ကိုပဲအခြေခံပြီး SVU ဆိုပြီး BullPup(မောင်းခလုတ် နောက်တွင်ကျည်အိမ်နှင့်မောင်းပြန်စစ်စတမ်တပ်ဆင်ထားသော) သေနတ်အမျိုးအစားအသစ်ထုတ်လိုက်ပါတယ်။ပြောင်းစွပ်(မီးကာ)ကိုတော့ ဒရာဂွန်နော့ SVD ထက် ၃ ဆ တည်ငြိမ်မှု ထိန်းချုပ်မှု ဆူညံမှု နည်းတဲ့ မီးကာ ကို modified လုပ်ခဲ့ပြီး သေနတ်နောက်တွန့်ဆုတ်အားကို ၄၀ ရာခိုင်နူန်း လျော့ချနိုင်ခဲ့တဲ့ Shorted Rifle အဖြစ်သုံးခဲ့ပါတယ်။


   ရိုင်ဖယ်မှန်ပြောင်း(Scope)  

Sniper rifles တွေထဲမှာတော့ ဒရာဂွန်နော့ဗ်ရဲ့ မှန်ပြောင်း(scope)ဟာ ထူးခြားတဲ့ပုံကြောင့် လူသိများပါတယ်။ သေနတ်ကိုယ်ထည်ဖုံးမှာရှိတဲ့ နောက်ချိန်ဆိုဒ်ဟာ မီတာ ၁၂၀၀ အထိချိန်ရွှယ်နိုင်ပါတယ်။ချိန်ဆိုဒ်ဟာ မှန်ပြောင်းတပ်၍သော်လည်ကောင်း သာမာန်ချိန် အသုံးပြုနညးနဲ့
သော်လည်းကောင်း အသုံးပြုနိုင်ပါတယ် ။မှန်ပြောင်းအမျိုးအစားကတော့ PSO-1 လို့ခေါ်တဲ့ ၄ ဆချဲ့ ၆ ဒီဂရီ
မှန်ပြောင်းဖြစ်ပါတယ် ။သာမာန်ရာသီဥတုမှာ နေကာပြားတွေအုပ်ပြီးကြည့်တဲ့အချိန်မှာ ၃၇၅ မီတာ အထိ မြင်နိုင်ပါတယ် ။အနီအောက်ရောင်ခြည်ကိုကာကွယ်ထားပြီး အပူချိန် 50 ဒီဂရီ ဆဲလ်စီးရပ်နဲ့ အအေးချိန် အနုတ် ၅၀ ဒီဂရီဆဲလ်စီးရပ်ကြားမှာသုံးနိုင်ပါတယ် ။ညမြင်အတွက်လည်း ဒိုင်အုတ် မီးသီးငယ်လေးများအကူအညီဖြင့်မှန်ဘီလူးကို
ဆက်ဖတ်ရန်>>>

Wednesday 19 September 2012

DTA HTI Rifle Chassis

ဝေးကွာတဲ့နေရာမှာရှိတဲ့ ခက်ခဲသော ပစ်မှတ်များကို ထိရောက်စွာ ချေမှူန်းနိုင်သော
လက်ဖြောင့်ရိုင်ဖယ်များတွင်
အမေရိကန်ထုတ်(ဒဿမ ၅၀ ကျည်သုံး ) M107 A1/2/3 များမှာ နာမည်ကျော်သည်မှာ ဆယ်စုနှစ်များရှိခဲ့ပါသည် ။ယခုတိုင်လည်း ထိရောက်ကောင်းမွန်စွာ အသုံးပြုနေဆဲဖြစ်သည်။
သို့သော်လေးလံခြင်းထုထည်ကြီးမားခြင်းသယ်ဆောင်ရခက်ခဲခြင်းပြောင်း
ရွှေ့လှုပ်ရှားရန် ခက်ခဲသည့် အခက်အခဲများကြောင့် တိုက်ပွဲဝင် လက်ဖြောင့်စစ်သည်တို့ရဲ့ တောင်းဆိုမှူကြောင့် M107 များနေရာတွင် အစွမ်းထက်သော လက်ဖြောင့်ရိုင်ဖယ်များကို
အစားထိုးသုံးလာကြသည် ။

M107 ဒဿမ ၅၀ စနိုက်ပါရိုင်ဖယ်ကြီး
 ထိုလက်ဖြောင့်ရိုင်ဖယ်မှာ DTA ဟု အမည်ရသော HTI (ဝေးကွာတဲ့နေရာမှာရှိတဲ့ ခက်ခဲသော ပစ်မှတ်များကို ထိရောက်စွာ ချေမှူန်းနိုင်သော လက်ဖြောင့်ရိုင်ဖယ်)အမျိုးအစား ဖြစ်သည် ။
DTA(Desert_Tactical_Arms) HTI(Hard_Target_Interdiction)Precision Sniper Rifle

DTA

BullPup(မောင်းခလုတ် နောက်တွင်ကျည်အိမ်နှင့်မောင်းပြန်စစ်စတမ်တပ်ဆင်ထားသော) သေနတ်အမျိုးအစားဖြစ်ပြီး M107 ထက် ၁၁ လက်မခွဲ တိုတောင်းပြီး ၁၀.၅ ပေါင် အလေးချိန်သာ ရှိတော့သော စနစ်ကျနမှူရှိတဲ့ အချိုးအစားကျစ်လစ် သပ်ရပ်တဲ့ သေနတ်ကောင်းတစ်လက် ဖြစ်ပါသည်။ သေနတ်ရဲ့ထူးခြားချက်ကတော့ သေနတ်ကိုယ်ထည်မူရင်းထဲတွင် သေနတ်ပြောင်းအမျိုးအစား၎ မျိုးပြောင်းလဲ တပ်ဆင် အသုံးပြုနိုင်ခြင်းဖြစ်ပါသည် ။
၎င်းတို့မှာ
(၁) ဒဿမ ၅၀ ပြောင်း
(၂) ဒဿမ ၄၁၆ ပြောင်း ( ၁၀.၆ x ၈၃ မီလီမီတာ ကျည် )
(၃) ဒဿမ ၄၀၈ ပြောင်း ( ၁၀.၄ x ၇၃ မီလီမီတာ ကျည် )
(၄) ဒဿမ ၃၇၅ ပြောင်း ( ၉.၅ x ၈၇.၅ မီလီမီတာ ကျည် )
တို့ပဲ ဖြစ်ပါသည် ။

ထို ပြောင်း၎မျိုး (ကျည် ၄ မျိုး) ဖြင့် ကိုက် ၂၀၀၀ အတွင်းတိုက်ပွဲများ နှင့် စစ်ဆင်ရေးများတွင် ထုထည်ကြီးမားခြင်းမရှိသော အကာအကွယ်များ နောက်မှ ရန်သူများ နှင့် ရပ်တန့်နေသော ပေါ့ပါးသည့်ကိုယ်ထည်ရှိသော ကားများအတွင်းမှ ရန်သူကို အကောင်းဆုံးနှင့် အထိရောက်ဆုံး တိုက်ခိုက်နိုင်ပါသည် ။


မည်သည့် ပြောင်းမဆို တပ်ဆင်ပစ်ခတ်နိုင်သော ယင်းသေနတ်မှာ ဝေးကွာလွန်းသည့်အကွာအဝေးထဲမှာပင်မည်သည့်ပစ်မှတ်ကိုမဆို နက်နက်ရှိုင်းရှိုင်း ဖောက်ထွင်းပြီး တိကျသေချာသော ထိရောက်မှူ ရှိသည်ဟု လက်ဖြောင့်များက ချီးကျူးခဲ့ကြသည် ။စနိုက်ပါရိုင်ဖယ်တစ်လက်တွင်ရှိရမည့် အရေးကြီးဆုံး အချက်မှာ စွမ်းရည်မြင့်တိကျသော
ထိရောက်မှူ ဒီဂရီ နှင့် မောင်းပြန်အား လျှော့နည်းမှူ အနည်းဆုံးရှိရမည် ဖြစ်သည် ။ယခု DTA /HTI တွင် ယင်းအရည်အချင်းအနီးစပ်ဆုံးရှိနေသည် ။ M107 သည်ပင် မောင်းပြန်အား လျှော့နည်းမှုအပိုင်းတွင် ယခု DTA /HTiကို မမှီပေ ။မောင်းပြန်အားသည် ကိုင်ဆောင်သူ စနိုက်ပါ လက်ဖြောင့်သမားတစ်ယောက်အတွက် အနှောင့်အယှက်ဖြစ်စရာကောင်းသော တုံ့ပြန်မှု မဖြစ်ပေ။

DTA ရိုင်ဖယ်အား ခက်ခဲကြမ်းတမ်းသော စစ်ဆင်ရေးများ ဓါးစာခံကယ်ဆယ်ရေးကဲ့သို့ အကြမ်းဖက်နှိမ်နှင်းရေးစစ်ဆင်ရေးများ နှင့် အထူးတပ်ဖွဲ့များအတွက် အဆိုပါတပ်ဖွဲ့ဝင်များဆီမှ စစ်တမ်းများနှင့်တိုက်ဆိုင်စစ်တမ်းယူပြီးဒီဇိုင်းထုတ်ခဲ့သည် ။ ။DTA ရိုင်ဖယ်သည် M107/M82A1 ထက်ပို၍ ၁၂ လက်မနီးပါး တိုတောင်းသွားသော်လည်း
ဆက်ဖတ်ရန်>>>