Pages

Showing posts with label စနိုက်ပါရိုင်ဖယ်(ကြီး). Show all posts
Showing posts with label စနိုက်ပါရိုင်ဖယ်(ကြီး). Show all posts

Monday, 28 January 2013

QBU 09/ QBU 10

QBU 10 ၁၂.၇ မမ လက်ဖြောင့်သေနတ်ကြီးကတော့ QBU 09 ကို ထုတ်လုပ်ပြီး မကြာမီမှာပဲ အဆင့်မြင့်တင်လိုက်တဲ့ သေနတ်ဖြစ်ပါတယ် ။တရုတ်အထူးတပ်ဖွဲ့ဝင်များ နဲ့ မရိန်း တပ်တွေ အတွက်တပ်ဆင်ပေးဖို့ရည်ရွှယ်ထားခဲ့ပြီးမီတာ၁၀၀၀အတွင်းမှာရှိတဲ့ ပေါ့ပါးတဲ့ကား တွေ
သံချပ်ကာကားတွေကိုဟန့်တားဖို့ရယ် ဘန်ကာတွေနဲ့ နံရံတွေနောက်က ရန်သူကိုပစ်ခတ်နိုင်ဖို့ဖြစ်ပြီး မီတာ ၂၀၀၀ အတွင်းက လူစုလူဝေးပစ်မှတ်တွေကို ဖြို့ခွင်းတိုက်ခိုက်ဖို့ဖြစ်ပါတယ်။

 စထုတ်ကတည်းက တရုတ်တပ်မတော်တစ်ခုအတွက်သာ ရည်ရွှယ်ထုတ်လုပ်ခဲ့ပြီး မည်သည့်နိုင်ငံခြားကိုမှ
ရောင်းချထားခြင်းမရှိသေးပါဘူး ။ အဲဒီအတွက်လည်း သူ့ရဲ့အစွမ်းကို သိနိုင်ခဲပါတယ် ။ဒါပေမယ့် ထူးခြားတဲ့
အနေနဲ့ လွန်ခဲ့တဲ့ ၂၀၁၂ ဒီဇင်ဘာလ မှာတော့ မြန်မာနိုင်ငံမြောက်ဖျားပိုင်းက ကေအိုင်အေ အကြမ်းဖက်
သောင်းကျန်သူတွေ လက်ထဲမှာ ထူးထူးခြားခြားတွေ့ရှိလိုက်ရပါတယ် ။

QBU 10 အနေဖြင့် ယခင်ဆိုဗီယက် စံတစ်ခုဖြစ်တဲ့ ၁၂.၇x၁၀၈ မီလီမီတာ ကိုတုပယူထားပြီး ဒဿမ ၅၀ နဲ့ နေတိုးစံဖြစ်တဲ့ ၁၂.၇x၉၉ တွေ လည်း ရှိနေနိုင်ပါသေးတယ် ။အနောက်နိုင်ငံ ဟန်/ဒီဇိုင်းကို မမှီခိုပဲ
ကိုယ်ပိုင်ဒီဇိုင်းနဲ့ထုတ်ထားနိုင်ခဲ့တဲ့အတွက် သေနတ်တစ်လက်အနေနဲ့ ရုရှားသေနတ်များကဲ့သို့ မျက်နှာရစေမှာတော့ သေချာပါတယ် ။

QBU 10 ဟာ မီတာ ၁၀၀၀ မှာ 2-3MOA ထိမှတ်ညွန်းရှိပါတယ် ။စနိုက်ပါ ကျည်ဖြင့်ပစ်ခတ်လျှင် မီတာ ၁၀၀၀ မှာ  full-spread circle diameter ၁၃ စင်တီမီတာ ရရှိနိုင်ပြီး ရိုးရိုးကျည်ဖြင့် ပစ်ခတ်လျှင်တော့
မီတာ ၁၅၀၀ မှာ full-spread circle diameter ၁၅ စင်တီမီတာ ထိရောက်ပါတယ် ။

သူ့ရဲ့ မောင်းပြန် နည်းပညာကတော့ ဆီမီးအော်တိုမစ်တစ် Gas-operated  ဖြစ်ပြီး တုန်ခါမှူအားကို သိသိ
သာသာ လျှော့ချထားနိုင်တယ်လို့ ကြားရပါတယ် ။ဆုံလည်မောင်းတုံးဖြစ်တဲ့ rotary Bolt Locking နဲ့ပဲဖြစ်ပြီး Short-Stoke GAS Piston အသုံးပြု မောင်းပြန်နည်းပညာဖြစ်ပါတယ် ။ကျည်ဆံ ၅ တောင့်ဝင်
ကျည်အိမ်နဲ့ တပ်ဆင်ပစ်ခတ်ပါတယ် ။

လက္ခဏာများ ယူနစ်များ
ပြောင်းအမျိုးအစား ၁၂.၇x၁၀၈ မီလီမီတာ
မောင်းပြန်နည်းပညာ Gas Operated/Semi-Automatic
သေနတ်တစ်ခုလုံးအလျား ၁၃၈၀ မီလီမီတာ/၅၄.၃ လက်မ
ပြောင်းအလျား ၇၈၀ မီလီမီတာ/၃၀.၇ လက်မ
ပြောင်းအမျိုးအစား ၁၂.၇x၁၀၈
သေနတ်အလေးချိန်(ကျည်အိမ်မပါ/စကုပ်မပါ) ၁၃.၃ ကီလိုဂရမ်/၂၉.၃ ပေါင်



ပြောင်း/ကိုယ်ထည်/ဒင် နဲ့ အပစ်ခလုတ်မောင်းအစုအဝေးပိုင်းတို့ကို လျှင်မြန်စွာဖြုတ်နိုင် တပ်နိုင်ပါတယ်။

ဆက်ဖတ်ရန်>>>

Wednesday, 19 September 2012

DTA HTI Rifle Chassis

ဝေးကွာတဲ့နေရာမှာရှိတဲ့ ခက်ခဲသော ပစ်မှတ်များကို ထိရောက်စွာ ချေမှူန်းနိုင်သော
လက်ဖြောင့်ရိုင်ဖယ်များတွင်
အမေရိကန်ထုတ်(ဒဿမ ၅၀ ကျည်သုံး ) M107 A1/2/3 များမှာ နာမည်ကျော်သည်မှာ ဆယ်စုနှစ်များရှိခဲ့ပါသည် ။ယခုတိုင်လည်း ထိရောက်ကောင်းမွန်စွာ အသုံးပြုနေဆဲဖြစ်သည်။
သို့သော်လေးလံခြင်းထုထည်ကြီးမားခြင်းသယ်ဆောင်ရခက်ခဲခြင်းပြောင်း
ရွှေ့လှုပ်ရှားရန် ခက်ခဲသည့် အခက်အခဲများကြောင့် တိုက်ပွဲဝင် လက်ဖြောင့်စစ်သည်တို့ရဲ့ တောင်းဆိုမှူကြောင့် M107 များနေရာတွင် အစွမ်းထက်သော လက်ဖြောင့်ရိုင်ဖယ်များကို
အစားထိုးသုံးလာကြသည် ။

M107 ဒဿမ ၅၀ စနိုက်ပါရိုင်ဖယ်ကြီး
 ထိုလက်ဖြောင့်ရိုင်ဖယ်မှာ DTA ဟု အမည်ရသော HTI (ဝေးကွာတဲ့နေရာမှာရှိတဲ့ ခက်ခဲသော ပစ်မှတ်များကို ထိရောက်စွာ ချေမှူန်းနိုင်သော လက်ဖြောင့်ရိုင်ဖယ်)အမျိုးအစား ဖြစ်သည် ။
DTA(Desert_Tactical_Arms) HTI(Hard_Target_Interdiction)Precision Sniper Rifle

DTA

BullPup(မောင်းခလုတ် နောက်တွင်ကျည်အိမ်နှင့်မောင်းပြန်စစ်စတမ်တပ်ဆင်ထားသော) သေနတ်အမျိုးအစားဖြစ်ပြီး M107 ထက် ၁၁ လက်မခွဲ တိုတောင်းပြီး ၁၀.၅ ပေါင် အလေးချိန်သာ ရှိတော့သော စနစ်ကျနမှူရှိတဲ့ အချိုးအစားကျစ်လစ် သပ်ရပ်တဲ့ သေနတ်ကောင်းတစ်လက် ဖြစ်ပါသည်။ သေနတ်ရဲ့ထူးခြားချက်ကတော့ သေနတ်ကိုယ်ထည်မူရင်းထဲတွင် သေနတ်ပြောင်းအမျိုးအစား၎ မျိုးပြောင်းလဲ တပ်ဆင် အသုံးပြုနိုင်ခြင်းဖြစ်ပါသည် ။
၎င်းတို့မှာ
(၁) ဒဿမ ၅၀ ပြောင်း
(၂) ဒဿမ ၄၁၆ ပြောင်း ( ၁၀.၆ x ၈၃ မီလီမီတာ ကျည် )
(၃) ဒဿမ ၄၀၈ ပြောင်း ( ၁၀.၄ x ၇၃ မီလီမီတာ ကျည် )
(၄) ဒဿမ ၃၇၅ ပြောင်း ( ၉.၅ x ၈၇.၅ မီလီမီတာ ကျည် )
တို့ပဲ ဖြစ်ပါသည် ။

ထို ပြောင်း၎မျိုး (ကျည် ၄ မျိုး) ဖြင့် ကိုက် ၂၀၀၀ အတွင်းတိုက်ပွဲများ နှင့် စစ်ဆင်ရေးများတွင် ထုထည်ကြီးမားခြင်းမရှိသော အကာအကွယ်များ နောက်မှ ရန်သူများ နှင့် ရပ်တန့်နေသော ပေါ့ပါးသည့်ကိုယ်ထည်ရှိသော ကားများအတွင်းမှ ရန်သူကို အကောင်းဆုံးနှင့် အထိရောက်ဆုံး တိုက်ခိုက်နိုင်ပါသည် ။


မည်သည့် ပြောင်းမဆို တပ်ဆင်ပစ်ခတ်နိုင်သော ယင်းသေနတ်မှာ ဝေးကွာလွန်းသည့်အကွာအဝေးထဲမှာပင်မည်သည့်ပစ်မှတ်ကိုမဆို နက်နက်ရှိုင်းရှိုင်း ဖောက်ထွင်းပြီး တိကျသေချာသော ထိရောက်မှူ ရှိသည်ဟု လက်ဖြောင့်များက ချီးကျူးခဲ့ကြသည် ။စနိုက်ပါရိုင်ဖယ်တစ်လက်တွင်ရှိရမည့် အရေးကြီးဆုံး အချက်မှာ စွမ်းရည်မြင့်တိကျသော
ထိရောက်မှူ ဒီဂရီ နှင့် မောင်းပြန်အား လျှော့နည်းမှူ အနည်းဆုံးရှိရမည် ဖြစ်သည် ။ယခု DTA /HTI တွင် ယင်းအရည်အချင်းအနီးစပ်ဆုံးရှိနေသည် ။ M107 သည်ပင် မောင်းပြန်အား လျှော့နည်းမှုအပိုင်းတွင် ယခု DTA /HTiကို မမှီပေ ။မောင်းပြန်အားသည် ကိုင်ဆောင်သူ စနိုက်ပါ လက်ဖြောင့်သမားတစ်ယောက်အတွက် အနှောင့်အယှက်ဖြစ်စရာကောင်းသော တုံ့ပြန်မှု မဖြစ်ပေ။

DTA ရိုင်ဖယ်အား ခက်ခဲကြမ်းတမ်းသော စစ်ဆင်ရေးများ ဓါးစာခံကယ်ဆယ်ရေးကဲ့သို့ အကြမ်းဖက်နှိမ်နှင်းရေးစစ်ဆင်ရေးများ နှင့် အထူးတပ်ဖွဲ့များအတွက် အဆိုပါတပ်ဖွဲ့ဝင်များဆီမှ စစ်တမ်းများနှင့်တိုက်ဆိုင်စစ်တမ်းယူပြီးဒီဇိုင်းထုတ်ခဲ့သည် ။ ။DTA ရိုင်ဖယ်သည် M107/M82A1 ထက်ပို၍ ၁၂ လက်မနီးပါး တိုတောင်းသွားသော်လည်း
ဆက်ဖတ်ရန်>>>