Pages

Wednesday 28 November 2012

ဗိုလ်ချုပ်ကြီး စိုးဝင်းနှင့် အဖွဲ့တရုတ်သို့သွားရောက်စဉ်က အထူးတပ်ဖွဲ့ဝင်များ ခင်ကျင်းပြသထားသော တွေ့ရှိသမျှ လက်နက်ငယ်များအကြောင်း

၂၀၁၂ ၊နိုဝင်ဘာလ(၁၄)ရက်နေ့ကဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး စိုးဝင်းနှင့် အဖွဲ့တို့  ချန်ဒူး(Chengdu )စစ်ဒေသကြီး လက်အောက်ခံ၊ အထူးစစ်ဆင်ရေး တပ်မဟာ တပ်စခန်း Special Combating Brigade သို့ ရောက်ခဲ့တာကို မြဝတီ ဖေ့ဘုတ်မှာ ပုံတွေတင်ထားတာ တွေ့ကြရမှာပါ ။ ကျွန်တော်လည်း အဲဒီပုံတွေကိုပဲ ကြည့်ပြီး သူတို့ ဘာတွေ ခင်းကျင်းပြလိုက်သလဲဆိုတာပဲ ရေးရမှာပဲ ။ 

တရုတ်တို့ထုံးစံအတိုင်း QBZ တွေကိုပဲထုတ်ပြတာပေါ့နော် ။ သိတဲ့အတိုင်း Bullpup ဒီဇိုင်း QBZ တွေဟာ သိပ်ကောင်းတဲ့ လက်နက်ငယ်မျိုးဆက်တစ်ခု ။ Bullpup အကောင်းဆုံး ၁၀ မျိုးဝင်မျိုးစိတ်တစ်ခုဖြစ်ပါတယ် ။QBZ 95 အတွက် 5.8×42mm DBP87 နဲ့ QBZ 97 အတွက် 5.56x45mm NATO ကျည်သုံး ချေမှူန်းရေး ရိုင်ဖယ်ပေါ့ဗျာ ။နော်ရင်ကို( Norinco) လို့ ခေါ်ကြတဲ့ China North Industries Corporation ကပဲ ထုတ်ခဲ့တဲ့ ကောင်လေးပေါ့ ။

QBZ 95 ရယ် QBZ 95Bရယ်ဆိုတာ ရှိတယ် ။ QBZ 95B ကတော့ ကာဘိုင်အမျိုးအစားပဲ ။ 95 နဲ့ ဘာကွာသလဲ မေးရင် မြန်မာလက်နက်ငယ်မှာ အမ်အေ ၁ နဲ့ အမ်အေ ၃ ကွာသလိုပါပဲ ။ အလျားတိုတာပဲ ရှိပါတယ် ။

 QBZ 95 ကတော့ 5.8×42mm DBP87 ကျည်သုံးတယ် ။
QBZ 95 ကတော့ ၇.၂ ပေါင်(၃.၂၅ ကီလိုဂရမ်) လေးပြီး သေနတ်တစ်ခုလုံး အရှည် ၂၉.၃ လက်မ(၇၄၅ မီလီမီတာ ) အရှည်နဲ့ ပြောင်းအလျား ၁၈.၂ လက်မ(၄၆၃ မီလီမီတာ) အလျား ရှိပါတယ် ။ယမ်းငွေ့အားသုံးမောင်းပြန်ရိုင်ဖယ်စနစ်ပဲဖြစ်ပါတယ် ။ပြောင်းထွက်ရှိန် ၉၃၀ မီတာ/စက္ကန့် ( တစက္ကန့်ကို ၃၀၅၀ ပေ )ဖြစ်ပါတယ် ။တမိနစ်ကို ကျည် ၆၅၀ ဆက်တိုက်ပစ်ခတ်နိုင်ပါတယ် ။


QBZ 95B ကတော့  ၇.၂ ပေါင်(၃.၂၅ ကီလိုဂရမ်)လေးပြီး သေနတ်တစ်ခုလုံးအလျားက ၂ ပေ အတိ(၆၀၉ မီလီမီတာ ) နဲ့ ပြောင်းအလျား  ၁၄.၅ လက်မ (၃၆၉ မီလီမီတာ ) အရှည်ရှိ ပြီး ပြောင်းထွက်ရှိန် ၇၉၀ မီတာ/စက္ကန့်(တစက္ကန့် ပေ ၂၅၈၁ ) ဖြင့် တမိနစ်ကို ကျည်၈၀၀ ဆက်တိုက် ပစ်ခတ်နိုင်ပါတယ် ။



အဲဒီမှာ တစ်ခုရှိပါတယ် QBZ 97 ဆိုတာ ပါပဲ ။ 95 တွေနဲ့ ဘာကွာလဲ ဆိုတာတော့ သိပ်မကွာပါဘူးခင်ဗျ ။ဒါပေမယ့် သူက ပိုပြီး standard gun ဖြစ်လာပုံရပါတယ် ။ဘာလို့လည်းဆိုတော့ QBZ 97 ကတော့ 5.56x45mm NATO ကျည် သုံးလာပြီး ကျည်တောင့် ၃၀ ဆံ ကျည်အိမ်ကိုတော့ STANAG ကျည်အိမ် သုံးထားပါတယ် ။သူ့ရဲ့ အရည်အသွေးတွေကတော့ ၇.၄ ပေါင်(၃.၃၅ ကီလိုဂရမ်) ဖြစ်ပြီး သေနတ်တစ်ခုလုံး အလျားကတော့ ၂၉.၈ လက်မ(၇၅၈ မီလီမီတာ) ရှိပါတယ် ။ပြောင်းအလျား ၁၉ .၃ လက်မ( ၄၉၀ မီလီမီတာ) ဖြစ်ပါတယ် ။တတောင့်ချင်းပစ် အတွဲလိုက်ပစ်အပြင် အတွဲတို ၃ ချက်ပစ် စနစ်လည်း ထည့်သွင်းထားပါတယ် ။
QBZ 95 နဲ့ QBZ 97 တို့၏ သိသာသော ခြားနားခြင်းများ

နောက်တစ်ခုကတော့ QBB 95 ချေမှူန်းရေး စက်သေနတ် ဖြစ်ပါတယ် ။QBZ 95 ကို မူတည်ပြီး ထုတ်ခဲ့တာပဲဖြစ်ပါတယ် ။ပြောင်းအလျားပိုရှည်တဲ့ စက်သေနတ်ဖြစ်ပါတယ် ။နော်ရင်ကို ကပဲ ထုတ်ခဲ့တာဖြစ်ပြီး သေနတ်တစ်ခုလုံးအလျား ၃၃.၁ လက်မ(၈၄၀ မီလီမီတာ) ဖြစ်ပြီး ပြောင်းအလျားကတော့၂၃.၆ လက်မ(၆၀၀ မီလီမီတာ) ရှိပါတယ်။အလေးချိန်ကတော့ ၃.၉၅ ကီလိုဂရမ် လေးပါတယ်  ။၅.၈x၄၂ မမ DBP87 ကျည် အသုံးပြုပါတယ် ။ကျည်အိမ်ကိုတော့ ၃၀ ဆံကျည်အိမ်အပြင် အတောင့် ၈၀ ဆံ ကျည်ဘောက်အဝိုင်းနဲ့လည်း တွဲသုံးပါတယ် ။ထိရောက်မှူအကွာအဝေး မီတာ ၆၀၀ နဲ့ ၈၀၀ ဖြစ်ပြီး ပြောင်းထွက်ရှိန် ၉၇၀ မီတာ/စက္ကန့်( တစက္ကန့် ၃၁၈၁ ပေ) ဖြစ်ပါတယ် ။မောင်းပြန်နည်းပညာကတော့ QBZ 95 လိုပဲဖြစ်ပါတယ် ။

QBB 95 light support weapon


QBZ အကြောင်းကွန့်နေရင် စာရှည်သွားမှာမို့ လေ့လာရေး သွားတုန်းက ခင်းပြလိုက်တဲ့ ပုံတွေ ထဲက ကောင်လေးတွေကိုပဲ ရေးလိုက်ပါတော့မယ် ။ တရုတ်မှာအသုံးများတာကတော့ ၅.၈ x ၄၂ မမ သုံး QBZ 95 တွေနဲ့ 95 B တွေ ဖြစ်ပါတယ် ။

နောက်တစ်ခုကတော့ ခင်ကျင်းပြသတဲ့ အထဲကမှ ပုံစံ ၀၅ (၅.၈ မမ ကျည်သုံး စက်သေနတ်ကလေး) ဖြစ်ပါတယ်
ဆက်ဖတ်ရန်>>>

Friday 23 November 2012

စနိုက်ပါ ဝါသနာရှင်တို့ စိတ်မပျက်စေဖို့



ကျွန်တော်ဒီဘလော့လေးစထောင်တဲ့နေ့ကစလို့ လက်နက်ငယ်ဆိုင်ရာ စိတ်ဝင်စားသူ စနိုက်ပါရိုင်ဖယ်စိတ်ဝင်စားသူ ညီအကိုများနဲ့ ဘုတ် ရယူခဲ့ပါတယ် ။မြန်မာ တပ်မတော်မှာ ဘယ်သေနတ်ကို အဓိက စနိုက်ပါရိုင်ဖယ် အနေနဲ့လုပ်သင့်သလဲ ဆိုတာကိုပေါ့ ။

အဲဒီမှာ ဘုတ်အရေအတွက်နည်းနေပေမယ့် ဒရာဂွန်နော့ဗ် နဲ့ အမ်အေ၂ ကို လူစိတ်ဝင်စားခံရပါတယ်။ကျွန်တော့်အနေနဲ့လည်းအမ်အေ၂ဟာ စနိုက်ပါရိုင်ဖယ်တစ်လက် ဖြစ်လာမယ်လို့ ကြိုတင်ခန့်မှန်းခဲ့ဖူးပါတယ် ။ထင်တဲ့အတိုင်းပါပဲ အခု အမ်အေ ၂ ကိုမွမ်းမံရင်းနဲ့စနိုက်ပါရိုင်ဖယ် အဖြစ်ထုတ်လုပ်နိုင်ခဲ့ပါပြီ။

ဒါကြောင့် ဒရာဂွန်နော့ဗ် ခရေဇီများရော အမ်အေ ၂ ခရေဇီများပါ စိတ်မပျက်ပါနဲ့ ။ ဖေဖေဒရာဂွနော့ဗ်နဲ့ မေမေ အမ်အေ ၂ တို့ ပေါင်းစပ်ထားသလို အမ်အေ စနိုက်ပါ ရိုင်ဖယ်ထွက်လာပါပြီ ။စကုပ်ကိုတော့ ဒရာဂွန်နော့ဗ်ရဲ့PSO-1 စကုပ်ပဲ ဖြစ်ပါတယ် ။


ဒီပုံစံသစ် အမ်အေရဲ့အကြောင်းကိုတော့ နောက်များမှ ကျွန်တော် အကြောင်းစုံ ရေးသားတင်ဆက်ပါ့မယ် ။
ဆက်ဖတ်ရန်>>>

မြန်မာ့တပ်မတော်ထုတ် အမ်အေစီးရီးများ ဒီဇိုင်းအသစ်ထပ်မံထွက်ရှိမှူ


၇.၆၂ မီလီမီတာသုံး စနိုက်ပါ ရိုင်ဖယ်

အမ်အေ ၁ အမ်ကေ ၃

အမ်အေ ၁ အမ်ကေ ၃ ချေမှူန်းရေးစက်ကလေး(၅.၅၆ မီလီမီတာကျည်ဆံ)

အမ်အေ ၃ အမ်ကေ ၃ ချေမှူန်းရေးစက်ကလေး(၅.၅၆ မီလီမီတာကျည်ဆံ)

အမ်အေ ၄ အမ်ကေ ၂ ချေမှူန်းရေးရိုင်ဖယ် ဗုံးပစ်လောင်ချာတွဲ(၅.၅၆ မီလီမီတာကျည်ဆံ +၄၀ မမ ဗုံးသီး)

ဆက်ဖတ်ရန်>>>

Tuesday 20 November 2012

Thursday 8 November 2012

ကျွန်တော် မက်ခဲ့သော အိမ်မက်များ

"ညီလေး.မင်းအလှည့်.."
"အော်.ဟုတ်ကဲ့အကိုကြီး"လက်ထဲက မာဘိုရိုကို ဆေးလိပ်ပြာခွက်ထဲချလိုက်ပြီး ကျုတံကိုကိုင်လိုက်သည် ။မိမိအတွက်ထိုးစရာတစ်လုံးမှမရှိ။ဒါနဲ့ ခုံပေါင်ပေါ်မှာတင်ထားတဲ့ အရက်ခွက်ကိုပြန်ကောက်ကိုင်ပြီး ဘိလိယက်ခုံထဲက ဘောလုံးများကိုပြန်လိုက်ကြည့်သည် ။

"တော်..တော်..တီး.တီး...တီးးတော်"
ဗဟိုကင်းမှ စစ်ထွက်ခရာသံ ရုတ်တရက်ထွက်ပေါ်လာသည်။ရုတ်တရက် ရိပ်သာထဲက အရာရှိများ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာကြောင်သွားသည်။ထို့နောက်."Shit !".ဝုန်းခနဲ တပြိုင်နက်ထထွက်ကြပြီး မိမိအခန်းမိမိဝင်ကာ စစ်ဝတ်တန်ဆာများအမြန်ဝတ်ရလေပြီ ။အရေးထဲကျည်ကာကခုတင်အောက်ရောက်နေသဖြင့်ကုန်းကောက်ရလေသည်။တံတောင်ကာဒူးကာရာဘာစွပ်များအမြန်စွပ်ပြီးပစ္စတိုအားပေါင်တွင်ချိတ်လိုက်သည်။အားလုံးစုံသည်နှင့် အခန်းတံခါးကိုပင်မပိတ်အားပြေးထွက်ရပြီ.။ခြံစည်းရိုးနားရောက်ခါမှHelmetကျန်ခဲ့တာသတိရ၏။တဖန်ပြန်ယူရလေပြီ။စားပွဲပေါ်ထောင်ထားသော ချစ်သူပုံအားထုတ်ကာ အိတ်ကပ်ထဲထည့်ကာ တန်းစီကွင်းသို့ပြေးရလေပြီ။

တပ်ရင်းမှူးမှ"ခွဲ၂.စစ်ကူသွားရမယ်.ground ကို ၂၅ မိနစ်အတွင်း အရောက်သွားပါ.အသေးစိတ်ကို စက်ထဲကပြောမယ်".ဟု အမိန့်ရသည်နှင့် မိမိတပ်ခွဲတစ်ခွဲလုံးအားတန်းဖြုတ်ပေးကာ သက်ဆိုင်ရာသံချပ်ကာကားများထဲသို့ဝင်ခိုင်းလေပြီ။လူစုံသည်နှင့်မိမိလည်းမိမိ၏ သံချပ်ကာ လေးဘီးယက်ယာဉ်ထဲသို့ဝင်ထိုင်ကာ စထွက်ခိုင်းလေပြီ။
"ငှက်ခါး..ကြားလား..ငှက်ခါး" စက်ထဲမှ အဘ၏ အသံကြားသည်နှင့် ဆက်သွယ်ရေးစက်မှ စကားပြောခွက်ကို ကောက်ကိုင်လိုက်ကာ အဘထံအကြောင်းပြန်လိုက်၏.။

ဖြစ်စဉ်ကား လူနာကောက်ရန်ဆင်းလာသောမိမိတပ်မတော်၏ MI 17 ရဟတ်ယာဉ်ကြီးအား ရန်သူမှ ဒုံးဖြင့်ပစ်ချလိုက်သဖြင့် ရဟတ်ယာဉ်မှာ ပျံအတတ်တွင်ပျက်ကျကာ သတ်ကွင်းအတွင်းပိတ်မိနေသော မိမိတို့ရဲဘော်များကိုစစ်ကူပစ်ကူပေးရန်နှင့်ဒဏ်ရာရသွားသောရဟတ်ယာဉ်crewများကို ပြန်သယ်ထုတ်ရန်ဖြစ်သည်။တိုက်ပွဲနေရာနားနီးလာသည်နှင့်အမျှ စိန်ပြောင်းသံများ အာပီဂျေဒုံးသံများကြားနေရပြီး မီးရောင်များလည်း မြင်နေရပေပြီ ။ရှေ့နောက်တန်းစီလာသော မိမိယာဉ်တန်းအား ၂စီးပြိုင်၂တန်းရေလှိုင်းသဖွယ်မောင်းခိုင်းလိုက်လေပြီ ။သတ်ကွင်းအတွင်းသို့မိမိတို့ယာဉ်တန်းဝင်လာသည်ကိုတွေ့သည်နှင့်ရန်သူ၏အာပီဂျေဒုံးများ ပြေးလာသည်
ကိုမြင်နေရ၏

ဆက်ဖတ်ရန်>>>