"ညီလေး.မင်းအလှည့်.."
"အော်.ဟုတ်ကဲ့အကိုကြီး"လက်ထဲက မာဘိုရိုကို ဆေးလိပ်ပြာခွက်ထဲချလိုက်ပြီး ကျုတံကိုကိုင်လိုက်သည် ။မိမိအတွက်ထိုးစရာတစ်လုံးမှမရှိ။ဒါနဲ့ ခုံပေါင်ပေါ်မှာတင်ထားတဲ့ အရက်ခွက်ကိုပြန်ကောက်ကိုင်ပြီး ဘိလိယက်ခုံထဲက ဘောလုံးများကိုပြန်လိုက်ကြည့်သည် ။
"တော်..တော်..တီး.တီး...တီးးတော်"
ဗဟိုကင်းမှ စစ်ထွက်ခရာသံ ရုတ်တရက်ထွက်ပေါ်လာသည်။ရုတ်တရက် ရိပ်သာထဲက အရာရှိများ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာကြောင်သွားသည်။ထို့နောက်."Shit !".ဝုန်းခနဲ တပြိုင်နက်ထထွက်ကြပြီး မိမိအခန်းမိမိဝင်ကာ စစ်ဝတ်တန်ဆာများအမြန်ဝတ်ရလေပြီ ။အရေးထဲကျည်ကာကခုတင်အောက်ရောက်နေသဖြင့်ကုန်းကောက်ရလေသည်။တံတောင်ကာဒူးကာရာဘာစွပ်များအမြန်စွပ်ပြီးပစ္စတိုအားပေါင်တွင်ချိတ်လိုက်သည်။အားလုံးစုံသည်နှင့် အခန်းတံခါးကိုပင်မပိတ်အားပြေးထွက်ရပြီ.။ခြံစည်းရိုးနားရောက်ခါမှHelmetကျန်ခဲ့တာသတိရ၏။တဖန်ပြန်ယူရလေပြီ။စားပွဲပေါ်ထောင်ထားသော ချစ်သူပုံအားထုတ်ကာ အိတ်ကပ်ထဲထည့်ကာ တန်းစီကွင်းသို့ပြေးရလေပြီ။
တပ်ရင်းမှူးမှ"ခွဲ၂.စစ်ကူသွားရမယ်.ground ကို ၂၅ မိနစ်အတွင်း အရောက်သွားပါ.အသေးစိတ်ကို စက်ထဲကပြောမယ်".ဟု အမိန့်ရသည်နှင့် မိမိတပ်ခွဲတစ်ခွဲလုံးအားတန်းဖြုတ်ပေးကာ သက်ဆိုင်ရာသံချပ်ကာကားများထဲသို့ဝင်ခိုင်းလေပြီ။လူစုံသည်နှင့်မိမိလည်းမိမိ၏ သံချပ်ကာ လေးဘီးယက်ယာဉ်ထဲသို့ဝင်ထိုင်ကာ စထွက်ခိုင်းလေပြီ။
"ငှက်ခါး..ကြားလား..ငှက်ခါး" စက်ထဲမှ အဘ၏ အသံကြားသည်နှင့် ဆက်သွယ်ရေးစက်မှ စကားပြောခွက်ကို ကောက်ကိုင်လိုက်ကာ အဘထံအကြောင်းပြန်လိုက်၏.။
ဖြစ်စဉ်ကား လူနာကောက်ရန်ဆင်းလာသောမိမိတပ်မတော်၏ MI 17 ရဟတ်ယာဉ်ကြီးအား ရန်သူမှ ဒုံးဖြင့်ပစ်ချလိုက်သဖြင့် ရဟတ်ယာဉ်မှာ ပျံအတတ်တွင်ပျက်ကျကာ သတ်ကွင်းအတွင်းပိတ်မိနေသော မိမိတို့ရဲဘော်များကိုစစ်ကူပစ်ကူပေးရန်နှင့်ဒဏ်ရာရသွားသောရဟတ်ယာဉ်crewများကို ပြန်သယ်ထုတ်ရန်ဖြစ်သည်။တိုက်ပွဲနေရာနားနီးလာသည်နှင့်အမျှ စိန်ပြောင်းသံများ အာပီဂျေဒုံးသံများကြားနေရပြီး မီးရောင်များလည်း မြင်နေရပေပြီ ။ရှေ့နောက်တန်းစီလာသော မိမိယာဉ်တန်းအား ၂စီးပြိုင်၂တန်းရေလှိုင်းသဖွယ်မောင်းခိုင်းလိုက်လေပြီ ။သတ်ကွင်းအတွင်းသို့မိမိတို့ယာဉ်တန်းဝင်လာသည်ကိုတွေ့သည်နှင့်ရန်သူ၏အာပီဂျေဒုံးများ ပြေးလာသည်
ကိုမြင်နေရ၏
ကိုမြင်နေရ၏


