Pages

Friday 23 November 2012

စနိုက်ပါ ဝါသနာရှင်တို့ စိတ်မပျက်စေဖို့



ကျွန်တော်ဒီဘလော့လေးစထောင်တဲ့နေ့ကစလို့ လက်နက်ငယ်ဆိုင်ရာ စိတ်ဝင်စားသူ စနိုက်ပါရိုင်ဖယ်စိတ်ဝင်စားသူ ညီအကိုများနဲ့ ဘုတ် ရယူခဲ့ပါတယ် ။မြန်မာ တပ်မတော်မှာ ဘယ်သေနတ်ကို အဓိက စနိုက်ပါရိုင်ဖယ် အနေနဲ့လုပ်သင့်သလဲ ဆိုတာကိုပေါ့ ။

အဲဒီမှာ ဘုတ်အရေအတွက်နည်းနေပေမယ့် ဒရာဂွန်နော့ဗ် နဲ့ အမ်အေ၂ ကို လူစိတ်ဝင်စားခံရပါတယ်။ကျွန်တော့်အနေနဲ့လည်းအမ်အေ၂ဟာ စနိုက်ပါရိုင်ဖယ်တစ်လက် ဖြစ်လာမယ်လို့ ကြိုတင်ခန့်မှန်းခဲ့ဖူးပါတယ် ။ထင်တဲ့အတိုင်းပါပဲ အခု အမ်အေ ၂ ကိုမွမ်းမံရင်းနဲ့စနိုက်ပါရိုင်ဖယ် အဖြစ်ထုတ်လုပ်နိုင်ခဲ့ပါပြီ။

ဒါကြောင့် ဒရာဂွန်နော့ဗ် ခရေဇီများရော အမ်အေ ၂ ခရေဇီများပါ စိတ်မပျက်ပါနဲ့ ။ ဖေဖေဒရာဂွနော့ဗ်နဲ့ မေမေ အမ်အေ ၂ တို့ ပေါင်းစပ်ထားသလို အမ်အေ စနိုက်ပါ ရိုင်ဖယ်ထွက်လာပါပြီ ။စကုပ်ကိုတော့ ဒရာဂွန်နော့ဗ်ရဲ့PSO-1 စကုပ်ပဲ ဖြစ်ပါတယ် ။


ဒီပုံစံသစ် အမ်အေရဲ့အကြောင်းကိုတော့ နောက်များမှ ကျွန်တော် အကြောင်းစုံ ရေးသားတင်ဆက်ပါ့မယ် ။

11 comments:

  1. ဒီလိုလက်နက်တွေမြန်မာစစ်သားတွေဘယ်အချိန်ကိုင်ရမလဲမသိဘူး။

    ReplyDelete
  2. ကိုငှက်ခါး တပ်မတော်မှာ sniper scout squad တွေရှိလား ကျွန်တော် ကအရပ်သားပါ မသိလို့မေးတာပါ :)

    ReplyDelete
    Replies
    1. yes..there got sniper squad..

      Delete
  3. MA 2 ရဲ့ စနိုက်ပါမှန်ပြောင်းက နောက်ကို တအားရောက်လွန်းနေတယ် ထင်တယ်... ပခုံးကို ဒင်နဲ့ထောက်လိုက်တာနဲ့ မျက်လုံးကနေ မှန်ပြောင်းကိုကြည့်မှာ နဲ ဒီပုံစံအတိုင်းဆို ဘယ်လိုမှ အဆင်မပြေဘူး ကြည့်ရတာ ဒီMA 2 ကို ဒီလိုလုပ်လို့ရပါတယ်ဆိုပြီး Scope တပ်ပြီးပြထားတာဖြစ်မယ် ထင်တယ် ... သေချာသိတဲ့ အကိုတွေ ဆွေးနွေးပေးကြပါဦး

    ReplyDelete
  4. ဒါမျိုးကိုင်ရရင် good

    ReplyDelete
  5. မှန်ပြောင်းက နောက်ရောက်နေတာမဟုတ်ပါဘူး.PSO-1 မှန်ပြောင်းတွေဟာ
    ဒီပုံအတိုင်းပါပဲ.သူအတွက်က သေနတ်ကိုယ်ထည်မြောင်းမှာတပ်ဆင်လို့မရတဲ့အတွက် ကိုယ်ထည်မှာ တပ်ဆင်ဖို့ မောင့်န် လို့ခေါ်တဲ့ ကိရီယာ နဲ့တွဲတပ်ရပါတယ်များသောအားဖြင့် အေကေ တွေမှာသုံးပါတယ်။အဲဒီမောင့်န်နဲ့ဘော်ဒီနဲ့တွဲချုပ်ပြီး မောင့်န်အပေါ်မှာမှ မှန်ပြောင်းတပ်ဆင်တာဖြစ်ပါတယ်။မောင့်န်ကို ကိုယ်ထည်မှာတပ်ဆင်ထားတာ ရှေ့နည်းနည်းတိုးတာဖြစ်ဖြစ် မောင့်န်အပေါ်က လိုင်းအတိုင်း စကုပ်ကို ပစ်ခတ်သူရဲ့ သဘောထားအတိုင်းကစားလို့ရပါတယ်ခင်ဗျာ

    ReplyDelete
  6. ရဲအထူးကွန်မန်ဒိုတွေမှာတော့ လက်ဖြောင့်ရိုင်ဖယ်နဲ့လက်ဖြောင့်တပ်ဖွဲ့ရှိပါတယ် ။တပ်မတော်မှာလည်း အထူးတပ်ဖွဲ့တွေမှာ ရှိနိုင်ပါတယ် ။တပ်ရင်းတပ်ဖွဲ့တွေမှာတော့ လက်ဖြောင့်တပ်စိတ်ဆိုတာ ရှိပါတယ် ဒါပေမယ့် စနိုက်ပါရိုင်ဖယ်နဲ့မဟုတ်ပဲ သေနတ်ပစ်ဖြောင့်တဲ့သူတွေကို စုစည်းထားတာဖြစ်ပါတယ်

    ReplyDelete
  7. ဒီသေနတတ်တွေက ၂၀၀၉ ကတည်းကရှိနေတာဖြစ်ပါတယ် ။ခုထိတော့ တပ်ရင်းတပ်ဖွဲ့တွေမှာ တပ်ဆင်ပေးထားခြင်းမရှိသေးပါဘူး

    ReplyDelete
  8. 7.62 ဆိုတာ G3 မှာသုံးတဲ့ 7.62 -51 NATO လား ရုရှား လုပ် 7.62 - 54 R လား ဆိုတာ ရှင်းပြပေးပါ

    ReplyDelete
    Replies
    1. 7.62x51 NATO ကျည်ပါ နောက်တစ်ချိန် UN စစ်တပ်မှာ တာဝန်ထမ်းဆောင်ရင် ခဲယမ်းထောက်ပံ့မှုအတွက် ထည့်သွင်းတွက်ချက်ထားတာပါ။

      Delete
  9. Symbol ပြထားတဲ့လက်နှက်နဲ့ Ground မှာသုံးတဲ့ လက်နှက်တွေကို ကွာခြားမှုမရှိစေချင်ဘူး တကယ်အသုံးပြရတဲ့ လက်နှက်တွေမှာ ကိုက်၁၀၀ကပစ်မှတ်ကိုတောင် ခက်ခက်ခဲခဲပစ်ခတ်ရတယ်။

    ReplyDelete